KNU တပ်မဟာ ၄ နယ်မြေက စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

KNU တပ်မဟာ ၄ နယ်မြေထဲက ထားဝယ်-ရေဖြူကားလမ်းပိုင်းမှာရှိတဲ့ ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းကို KNU တပ်မဟာ ၄ တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

နှစ်ဖက်ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွါးခဲ့ပြီးနောက် မနေ့က ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းမှာ စခန်းကို လက်ရသိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့၀င် ၁၅ ယောက်ကို ဖမ်းဆီး ထားနိုင်ခဲ့ပြီး လက်နက်ငယ် ၁၈ လက်နဲ့ ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲကို KNLA တပ်မဟာ ၄ တပ်ရင်း ၁၂ တပ်ဖွဲ့၀င်များ၊ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် Dawei National Liberation Army (DNLA) ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ Tavoy People Liberation Force (TPLF) နဲ့ ရေဖြူပကဖတပ်ဖွဲ့၀င်တွေ ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေပေါက်ပင်ရဲစခန်းကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၁ဦးနှင့် ပျူ ၁ ဦး သေပြီး ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရွှေပေါက်ပင်ရပ်ကွက်က ရဲစခန်းကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုမှာ ရဲ ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရ ရှိခဲ့တယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုး (LDF) က မောင်းကို ပြောပါတယ်။
Read More

မြေပြင်ဆင်း ဆေးကုသနေသည့် Free Burma Ranger ဆေးမှူး နော်ဆေးမူးဖော စစ်ကောင်စီ၏ မီးလောင်ဗုံး ထိမှန်သေဆုံး

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်၊ တောင်ငူခရိုင်၊ ထန်းတပင်(ထောတထူး) မြို့နယ်အတွင်းက လေကြောင်းဒဏ်သင့် ကျေးရွာတွေမှာ ဆေးကုသမှု သွားရောက်လုပ်ဆောင်နေတဲ့ Free Burma Ranger (FBR) ရဲ့ ဆေးမှူး နော်ဆေးမူးဖောဟာ မီးလောင်ဗုံးထိမှန်ဒဏ်ရာနဲ့အတူ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
Read More

KIO နဲ့ NUG တို့တည်ထောင်ထားတဲ့ တက္ကသိုလ်ကနေ ဘွဲ့ရရှိသူ ၅၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO တို့ ပူးပေါင်း တည်ထောင်ထားတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် KSCU မှ ဘွဲ့ရရှိသူ ၅၀၀ ကျော်အထိ ရှိသွားပြီဖြစ်ပါတယ်။
Read More

မုံရွာမှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ စစ်သား ၁ ယောက်ကို အနီးကပ်ပစ်ခတ်ရှင်းလင်း…

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားကို တစ်ကိုယ်တော် အနီးကပ်ရှင်းလင်းပြီး သေနတ် ၁ လက်ရယူနိုင်ခဲ့တယ်လို့ Three Star Local People Defence Force အဖွဲ့တာဝန်ရှိသူ ကိုဒေါင်းလေး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း၏ ကင်းပုန်းတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က မျက်မြင် ၄ ဦးသေပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး

မွန်ပြည်နယ်၊ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်းရဲ့ ကင်းပုန်းတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က မျက်မြင် ၄ ယောက် သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ နဂါးဖြူစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။