ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

မနေ့က ဧပြီလ ၂၆ ရက် မနက်အစောပိုင်းမှာ ခနောက်စိမ်း၊ ခဲသတ္တုတူးဖော်ရေး သတ္တုမိုင်းတွင်းတွေဖြစ်တဲ့ အမှတ် (၂) နဲ့ (၅) နေရာတွေကို စစ်

ကောင်စီက  Y-12 လေယာဉ်နဲ့ ဗုံးသီး အလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် သတ္တုတွင်းအနားမှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ဂိတ်ဟောင်းနေရာနဲ့ တပ်မဟာ အဆောက်အဦးတွေဘက်ကိုလည်း ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုကြပေမယ့် မောင်းအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

“အဆောက်အဦးတွေထိတယ်။ လူတွေထိတာတော့ မကြားမိဘူး။ သုံးဆူမြို့ထဲနဲ့ကျတော့ နဲနဲဝေးတော့ ကြဲသွားတာ မသိလိုက်ဘူး။ အသံလည်း မကြားရဘူး။ မြို့ထဲပိုင်းမှာတော့ ပုံမှန်ပါပဲ။ သုံးဆူမှာက ဖုန်းလိုင်းတွေလည်း ဖြတ်ခံထားရတော့ သတင်းက မထွက်ဘူးဖြစ်နေတာ။ ပျက်စီးမှု အတိုင်းအတာကျတော့ အဖွဲ့အစည်းတွေဘက်က ထုတ်ပြန်မှပဲ သိရမှာ။ တိုက်ပွဲ ဖြစ်နေတာလည်း မရှိဘဲ သက်သက်ကြီး  ဗုံးကြဲချသွားတာ” လို့ သုံးဆူမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေတုန်းကလည်း စစ်ကောင်စီက အဆိုပါ မိုင်းတွင်းနဲ့ အနီးပတ်ဝန်းကျင်ရွာတွေကို အခုလို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ 

အဲဒီမိုင်းတွင်းတွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေထဲမှာရှိပြီး အမှတ် (၁) ကနေ အမှတ် (၁၀) အထိ လုပ်ကွက်ချထားပေးထားတာဖြစ်သလို KNU ကို အခွန်ဆောင်နေရတဲ့ နေရာတွေ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စကခ (၁၉) က ပြန်လာသည့် စစ်ကားကို ရေးပြောက်ကျားတပ်က ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကမ -၁၉) က ထွက်လာတဲ့ စစ်ကားကို စောင့်ကြိုတိုက်ခိုက်ရာမှာ ကားပေါ်ပါလာတဲ့ တပ်ရေးဗိုလ်ကြီး ၁ယောက်အပါအဝင် ၄ ယောက် ထိခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်-YGF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NCA ဟာ စက္ကူစုတ်တခု ဖြစ်သွားပြီဟု တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ ပြော

စစ်တပ်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရဲ့ (၁၀) နှစ်ပြည့် အခမ်းအနားကို မတက်ရောက်ကြဖို့နဲ့ NCA ဟာ စက္ကူစုတ်သာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့အစည်း ၆ခုက အောက်တိုဘာ ၁၃ရက်မှာ ပူးတွဲ သဘောထားထုတ်ပြန်လာပါတယ်။ 
Read More

တိုက်ပွဲများတွင် ယှဥ်နိုင်စွမ်းမရှိသော အကြမ်းဖက်စစ်တပ်မှ ကစဉ့်ကလျား ထွက်ပြေးလာသည့် စစ်သားများကို ဆက်တိုက်ဖမ်းမိနေကြောင်း AA ထုတ်ပြန်

ရခိုင့်တပ်တော် AA နဲ့ အာဏာသိမ်းစစ်တပ်တို့ ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အဆိုပါတိုက်ပွဲတွေကနေ အလံဖြူထောင် လက်နက်ချတဲ့ စစ်သားတွေ၊ ကစဥ့်ကလျား ထွက်ပြေးလာတဲ့ စစ်သားတွေကို ဆက်တိုက်ဖမ်းဆီးရမိနေတယ်လို့ AA က ဆိုပါတယ်။
Read More

ထီးလင်းမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာလို့ ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်

မကွေးတိုင်း၊ ထီးလင်းမြို့က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက်က လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဖြူး-အုတ်ဖြတ်လမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပေါ်က တာကျိုးလမ်းဆုံမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူလို့ သတင်းထွက်ပေါ်နေတဲ့ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို အသေဖမ်းမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို တော်လှန်ရေးတပ်တွေ လိုက်လံပစ်ခတ်ရာ အသေဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။