ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ပဲခူးတိုင်းအစပ်က စစ်ရှောင်ကျေးရွာတွေကို ဖောက်ထွင်းပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၆ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဧပြီလ ၂၆ရက်၊ မနက်ပိုင်းက အရပ်သားပိုင်ပစ္စည်းတွေ ခိုးယူသယ်ဆောင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ ထောက်ကြန့်အုပ်စု၊ ဆားချောင်းရွာထိပ်၊ ကြိုးတံတားအရောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်််ငယ်တွေနဲ့ ၄၀မမ ဗုံးသီးတွေကြောင့် စစ်ကောင်စီဘက်က ထိခိုက်​သေဆုံးမှုတွေ များခဲ့တယ်လို့လည်း သိရပါတယ်။

“စခတွေ ကြိုးတံတားပေါ် ပြေးတက်လာတာကို ၄၀မမနဲ့ ‌၃လုံး ပစ်လိုက်တာ၊ ၂လုံးမှန်ပြီး ဒီကောင်တွေ ဖရိုဖရဲဖြစ်သွားတယ်။ အဲ့ဒါ လက်နက်ငယ်တွေနဲ့ ထပ်ပစ်တာ ၆ကောင် လဲကျပြီးသေတာ မျက်မြင်အတည်ပြုနိုင်ပါတယ်။ ဒဏ်ရာရသူတွေလည်း များပါတယ်။ အဲ့ဒဏ်ရာရစခတွေထဲကပဲ ထပ်သေလောက်တယ်။ မင်းလှဆေးရုံကို ဒဏ်ရာရသူတွေ ရောက်မလာတော့ ထပ်သေမသေက မသိရဘူး ဖြစ်နေတာပါ။ ရွှေတောင်ဆေးရုံပို့တာလားတော့မသိဘူး။” လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိအခြေအနေအရ မင်းလှမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်တာ၊ လူသားဒိုင်းလုပ် ဖမ်းဆီးတာတွေအပြင် လေ​​ကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေတာကြောင့် အရပ်သားတွေ သတိထားနေထိုင်ကြဖို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ရက်နေ့ကလည်း မင်းလှမြို့နယ်အပိုင် ရန်ကုန်-ပြည်လမ်းပိုင်းပေါ်ကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေး တက်ရောက်လုပ်ဆောင်ရင်း လူကြီးလမ်းကြောင်းစောင့်ရင်း ထမင်းစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံအနှံ့ ဗုံးကြဲနေသည့် စစ်ကောင်စီ အပစ်ရပ် ၁ လ သက်တမ်းတိုးကြောင်း ဟန်ပြထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပစ်ရပ်ကာလကို မေ ၆ ရက်ကနေ ၃၁ ရက်အထိ ၁ လ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရဲဘော်ကိုစိုင်း(ခ) ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုအပေါ် သတ်ဖြတ်သူတွေနှင့် စေခိုင်းသူများကို တာဝန်ယူပေးဖို့ KNDF-B29 ကရင်ဖြူရဲဘော်များ တောင်းဆို

ပျဉ်းမနားစစ်ကြောင်းမှူးတစ်ဖြစ်လဲ ကရင်ဖြူမျိုးနွယ်စု ဥက္ကဌ ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို ညှင်းပန်းသတ်ဖြတ်ခံရမှုအပေါ် ကယန်းပြည်သစ်တပ်မတော်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ထိထိရောက်ရောက် အရေးယူပေးဖို့လိုတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၂၉)၊ တပ်ခွဲ (၁) ကရင်ဖြူ ရဲဘော်တွေက တောင်းဆိုလိုက်ပါတယ်။
Read More

ဖြူးမှာ စစ်တောင်းမြစ်ကမ်းဘေးက ရေးဘေးသင့် ပြည်သူတွေကို မြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေ သွားရောက်လှူဒါန်း

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ၊ စစ်တောင်းမြစ်ကမ်းဘေးက ရေဘေးသင့်ကျေးရွာတွေကို အလှူရှင်တွေရဲ့ ကိုယ်စား ဖြူးမြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေက ဒီနေ့ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ကန်နီပျူစောထီးကျေးရွာမှ အရပ်သား ၃ ဦးနှင့် ကိုရင် ၂ ပါး ထွက်ပြေးတိမ်းရှောင်လာ

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပျူစောထီး အင်အားကောင်းတဲ့ ကန်နီကျေးရွာက ပြည်သူ ၃ ယောက်နဲ့ ကိုရင် ၂ ပါး ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း - Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂၀) ရက် မနေ့က ကျင်းပပြီးဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်များ ယနေ့ ပြန်လည်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေလ ၂၇ရက် ဒီနေ့မှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ သိမ်းပိုက်ရရှိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။