အာဏာသိမ်းစစ်တပ်က အပစ်ရပ်ကာလမှာ KNU ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ ကျော် ကျူးလွန်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ရက်ပေါင်း ၂၀ အတွင်း လေကြောင်းတိုက်ခိုက်မှု ၆၃ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၄၃ ကြိမ်၊ ပြည်သူလူထုပိုင်နေအိမ် မီးရှို့ဖျက်ဆီးမှု ၁ ကြိမ်၊ မိုင်းထောင်ခြင်း ၂ ကြိမ်နဲ့ ပြည်သူတွေအပေါ် အကြောင်းမဲ့ ဖမ်းဆီးခြင်းတို့ကို လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို (၆၃) ကြိမ်ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ အရပ်သား ပြည်သူ (၁၄) ယောက်နဲ့ ကိုရင် (၁) ပါး သေဆုံးခဲ့ကာ ဦးပဇ္ဇင်း (၂) ပါး၊ ကိုရင်ကြီး (၁) ပါးနဲ့ အရပ်သား (၃၄) ယောက် ထိခိုက်ဒဏ်ရာရကာ ဘုန်းကြီးကျောင်း (၅) ကျောင်းနဲ့ နေအိမ် (၇) လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အပစ်ရပ်ကာလကို ထပ်မံသက်တမ်းတိုးထားပေမယ့် နိုင်ငံတစ်ဝန်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ဆက်လက်အရှိန်မြှင့် လုပ်ဆောင်လျက်ရှိနေပါတယ်။

စစ်ကောင်စီတပ်က အပစ်အခတ်ရပ်စဲရေး ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် ထုတ်ပြန်ချက်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေထံက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ သူတို့ဆီ စီးဆင်းစေဖို့ ရည်ရွယ်ချက်နဲ့သာ ထုတ်ပြန်တာ ဖြစ်တယ်လို့ KNU က ထောက်ပြပါတယ်။

တကယ့်လက်တွေ့မှာတော့ တော်လှန်ရေးအဖွဲ့အစည်းတွေ အုပ်ချုပ်ထားနိုင်တဲ့ မြို့ရွာတွေမှာရှိတဲ့ ပြည်သူလူထုကို အဓိကပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို အဆက်မပြတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

KNU ၏ ထုတ်ပြန်မှု (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ထိုင်းမှာ အလုပ်လုပ်ရင်း ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်၊ စစ်ကောင်စီတပ်ကို ပြန်တိုက်မယ် ဟု ဆို

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း မြန်မာပြည်ကို ဖမ်းဆီးပြန်ပို့ခံရကာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံခဲ့ရသူ ၂ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ဒေါနတပ်ရင်းထံ အလင်းဝင်ရောက်လာကြောင်း တပ်ရင်းမှူး ကိုရန်နိုင်က မောင်းကို ပြောပါတယ်။
Read More

သာယာဝတီထောင်တွင် ပခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဥ်းသား ကိုအောင်သူထက် ဆက်လက်တိုက်ပိတ်ခံထားရ၊ ရိုက်နှက်ခဲ့သည့်ဝန်ထမ်းကိုလည်း အရေးမယူမှု မရှိ…

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ရှိ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား​ ၁ ယောက်ကို ရန်ဖြစ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ခဲ့တဲ့ အကျဥ်းဝန်ထမ်းဆိုသူကို အရေးယူမှု မရှိဘဲ ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားကိုသာ တိုက်ပိတ်အရေးယူထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျောင်းသားပေါင်း ၉ သိန်းကျော်အတွက် ဘေးကင်းလုံခြုံရေး ကမ်ပိန်း ပြုလုပ်နေဟု ဒေါက်တာဇော်ဝေစိုး ပြော

နိုင်ငံတစ်ဝန်း ထိန်းချုပ်နယ်မြေတွေက ကျောင်းပေါင်း ၆ ထောင်ကျော်မှာရှိတဲ့ ကျောင်းသားပေါင်း ၉ သိန်းကျော်အတွက် “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး” ကမ်ပိန်း ပြုလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။
Read More

ကမ္ဘာကြီးက မျက်ကွယ်ပြုထားပေမယ့် မြန်မာပြည်သူများ အနိုင်မရမချင်း ရပ်တန့်မှာမဟုတ်ကြောင်း ကိုထိန်းလင်းပြော၊ အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် အကြိမ်ကြိမ်တောင်းဆိုနေပေမယ့် စစ်တပ် ဘာမှမတုံ့ပြန်

အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေကို ရက်ရက်စက်စက် ဗုံးကြဲသတ်နေသလို ပြည်သူတွေရဲ့ အသံကို ပိတ်ပင်ဖို့ ကြိုးစားနေကြောင်း၊ ဒါတွေကို ကမ္ဘာကြီးက မျက်ကွယ်ပြုနေပေမယ့် မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ အနိုင်မရမချင်း ရပ်တန့်မှာမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ဒီနေ့ ပြောပါတယ်။
Read More

တနင်္သာရီမြို့မှ မြိတ်မြို့ကို ဒဏ်ရာရစစ်သားများ သယ်ဆောင်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ဒဏ်ရာရစစ်သားတွေ သယ်ဆောင်လာတဲ့ စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြောက်ပိုင်းကို ဝင်ရောက်သည့် အကြမ်းဖက်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုဘက် ၁၂ ဦး သေကာ အများအပြားထိခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ ၄ ရက်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၁၂ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရတဲ့အထိ ချေမှုန်းနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။