စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာစစ်ကောင်စီတပ်တွေကို တစ်နေ့တည်း မိုင်းခွဲတိုက်ခိုက်တာအပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေပါ လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဧပြီလ ၂၀ရက်၊ မနက်ပိုင်းက ချောင်းဦးမြို့မရဲစခန်းကနေ မြို့အရှေ့ဘက် ငါးယှန်ရွာကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဟန်သစ် ဆီဆိုင်အနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပဒေသာမိုင်းတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၄ယောက် ရှိခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ သံပြားကာကား ၈စီးထဲက ရှေ့ဆုံးကား၂စီးကိုလည်း ၁၀လုံးပါ ပဒေသာမိုင်းတွဲ ၂တွဲ နဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပထမဆုံးသံပြားကာကားဟာ နေရာတင်ထိုးရပ်သွားခဲ့ကြောင်းနဲ့ ဒုတိယမြောက်ကားကလည်း သံပြားတွေ လွင့်စင်သွားခဲ့ကာ ကားပေါ်လိုက်ပါတဲ့ စစ်ကောင်စီတပ်သား ၂ယောက်သေဆုံးခဲ့ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၆ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ အခုလိုတိုက်ခိုက်ခံရမှုကြောင့် ချောင်းဦးမြို့မ ရဲစခန်းကနေ လုံခြုံရေးယူပေးဖို့ထွက်လာတဲ့ နောက်ထပ်စစ်ကောင်စီအင်အားတွေကိုလည်း တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ၄ကြိမ်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“တစ်ရက်တည်း ၃ကြိမ်တိုက်ခိုက်ခဲ့တာဗျ။ အခက်အခဲက ရှိတယ်။ ခွေးတွေထွက်လာတယ်သတင်းရပြီဆို အသင့်ထောင်ထားတဲ့ မိုင်းတွဲတွေကိုသွားရောက်အသက်သွင်းတဲ့အချိန်မှာ မိုင်းအသက်သွင်းတာကအစ စစ်ကြောင်းကိုရော ဂရုစိုက်ရတာမျိုးပေါ့။ မိုင်းဆွဲတော့မယ့်အချိန်မှာလည်း ဘေးနား ပြည်သူတွေရှိမရှိ အထူးဂရုစိုက်ရတယ်။ ပြည်သူတွေက ခွေးယာဥ်တန်းတွေဘေးမှာ ကပ်ပါလာလို့ မစ်ရှင်ဖျက်ခဲ့ရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ခွေးတွေနဲ့ ဝေးဝေးနေပေးဖို့ တောင်းဆိုချင်တယ်။ ဒရုန်းနဲ့က ၁ကြိမ်ကို အဖူး ၆ဖူးနဲ့ ၄ကြိမ်ဆက် ၂၄ဖူးနဲ့ တိုက်ခိုက်ခဲ့တာပါ။” လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နဲ့အတူ မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း တပ်ခွဲ (၃)လျှပ်စီးတပ်ခွဲ၊ Nway Oo Brother Coloum(နွေဦးညီကိုများစစ်ကြောင်း)၊ မုံရွာခရိုင် ပကဖ Drone လက်ရုံးတပ်တို့ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ကန့်ဘလူ စံပယ်နံ့သာဂိတ်စခန်းမှ စစ်အုပ်စု မိန်းကလေး ၂ဦးကို ပေါ်တာဆွဲ၊ ၁ ဦး ထွက်ပြေးလွတ်မြောက်သော်လည်း အဓမ္မပြုကျင့်ခံရကာ ကျန်ခဲ့သည့် မိန်းကလေး အသက်ရှင်မရှင် မသိရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီးတွေဟာ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ယောက်ကို ပေါ်တာဆွဲပြီး သူတို့ထဲက ၁ ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်လိုက်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ရေဦးမြို့ပေါ် ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ဦးကို စစ်အုပ်စု ဖမ်းဆီးထား၊ ၆ ရက်ကြာတဲ့အထိ ပြန်မလွတ်သေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ရေဦး အနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံဆီက သိရပါတယ်။
Read More

နမ္မတူမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီး‌ကျောင်း‌ဆောင် (၄) ဆောင် ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း‌ဆောင် (၄)ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်မှာ စစ်ကောင်စီကင်းစင်ရေး ၂၀၂၅ အတွင်း အရှိန်မြှင့်မယ်လို့ KNDF ပြော

ကရင်နီပြည်ထဲက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို  ၂၀၂၅ အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ဖို့ ရည်မှန်ထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်ကို လေဆိပ်မှာ သွားကြိုခဲ့တဲ့ တပ်ထောက်ခံသူ ရန်အောင်ရဲ့နေအိမ် ပြင်းအားပျော့မိုင်းနဲ့ ဖောက်ခွဲသတိပေးခံရ

တရုတ်ကနေ ပြန်လာတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လေဆိပ်အထိ သွားကြိုခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်သူ သရုပ်ဆောင် ရန်အောင်ရဲ့ ရန်ကင်းက နေအိမ်ကို ပြင်းအားပျော့မိုင်းနဲ့ သတိပေး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow က ထုတ်ပြန်ထားပါတယ်။