“လက်နက်ကိုင် လမ်းစဥ်မှ အပ အခြားမရှိ”ဆိုတဲ့ယုံကြည်ချက်ကို လက်ကိုင်စွဲထားတဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF) ၄ နှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ယူကြောင်း TNLA က သဝဏ်လွှာပေးပို့လိုက်ပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ တပ်ဖွဲ့ဝင်တွေ၊ ရဲဘော်ရဲဘက်တွေနဲ့ တော်လှန်ပြည်သူတွေ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး SAF ရဲ့ အခြေခံမူ(၅)ရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေလို့ TNLA က ဆိုပါတယ်။

SAF အပါအဝင် ဗမာလူမျိုးတွေကိုယ်တိုင် “လက်နက်ကိုင် လမ်းစဥ်မှ အပ အခြားမရှိ”ဆိုတဲ့ ယုံကြည်ချက်ကို စွဲစွဲမြဲမြဲ ကိုင်စွဲပြီး မြန်မာ့လူထုတော်လှန်ရေးမှာ အားသွန်ခွန်စိုက် စုစည်းပါဝင်လာတာက တော်လှန်ရေးအောင်မြင်ရေးအတွက် အရေးပါတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလ (၄)နှစ်တာ ကာလတစ်လျှောက်လုံးမှာ ဘဝ၊ အသက်၊ ခန္ဓာတွေ ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြတဲ့ SAF ရဲဘော်ရဲဘက်တွေကို လေးစားတန်ဖိုးထား ဂုဏ်ပြုကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မာနယ်ပလောကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings တရားဝင်ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်းရှိရာ မာနယ်ပလောစခန်းကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ရေးမြို့မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီပေးတဲ့ ရာအိမ်မှူးကို ရေးဘီလူးတပ်ဖွဲ့ ဖမ်းဆီး…

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီတဲ့ ရာအိမ်မှူးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အမ်း နပခ ကျပြီ၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိတယ်လို့ AA အတည်ပြု

ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ AA က တရားဝင် အတည်ပြုလိုက်ပါတယ်။
Read More

သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာ(၂) စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာအပြင်းအထန်ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂) စီးနဲ့ ​ပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ(၄) ယောက် ပွဲချင်းပြီးသေဆုံးခဲ့ရသလို (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မှော်ဘီလေတပ်စခန်း အရာရှိ လင်မယားချင်း စကားများပြီး မိန်းမကို သေနတ်နဲ့ပစ်သတ်ကာ ခိုးချောင်ခိုးဝှက် နာရေးလုပ်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးက သမာဓိ ၁ လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ပိုင်းလော့ ဗိုလ်ကြီးအဆင့်ရှိသူဟာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဇနီးဖြစ်သူရဲ့ နာရေးကိုလည်း တိုးတိုးတိတ်တိတ် ခိုးလုပ်ခဲ့ကြောင်း မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို အများပြည်သူ အချိန်နဲ့တပြေးညီ သိအောင် ထုတ်ပြန်ပေးဖို့အပါအဝင် အချက် ၄ ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီ တောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အများပြည်သူတွေ အချိန်နဲ့တပြေးညီ သိအောင် ထုတ်ပြန်ပေးဖို့ အပါအဝင် အချက် ၄ ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီက ဥပဒေနဲ့အညီ အကြမ်းဖက်စစ်အုပ်စုကို ဒီနေ့ စက်တင်ဘာ ၆ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။