လက်ရှိအသုံးပြုနေတဲ့ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို အရည်အသွေးမြင့်အောင် ထုတ်လုပ်ဖို့ ကြိုးစားရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 

ဧပြီ ၂၆ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့  (၇၅)နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့နေ့ အခမ်းအနားမှာ စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားလိုက်တာပါ။ 

စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေဟာ  စစ်မြေပြင်မှာ မှတ်ကျောက်တင်ခံရမှာဖြစ်တာကြောင့်  အရည်အသွေးနဲ့ စွမ်းရည်ပိုကောင်းအောင် ကြိုးပမ်းရမယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။ 

ကုန်းဘောင်ခေတ်ကစလို့ မင်းတုန်းမင်းတရားကြီးလက်ထက်မှာ အိမ်ရှေ့စံ ကနောင်မင်းသားကြီးက စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံတွေ စတင်တည်ထောင်ဖို့ ကြိုးပမ်းအားထုတ်ခဲ့မှုကိုလည်း သူက ဥပမာပေးပြောကြားခဲ့ပါတယ်။ 

ပြည်သူ့ဘဏ္ဍာတွေနဲ့ စစ်လက်နက် အရေအတွက်အများအပြားကို ပြည်တွင်းမှာ ထုတ်လုပ်နေသလို ပြည်ပကနေလည်း ဝယ်ယူနေတဲ့ စစ်ကောင်စီဟာ လက်ရှိပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အချိန်မီ အသုံးပြုနိုင်ဖို့ စစ်လက်နက်တွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ CDM စစ်အရာရှိအချို့က ပြောကြားထားပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဟာ ခေတ်မီလက်နက်တွေကို အသုံးပြုခွင့်ရနေပေမယ့် တိုက်ခိုက်ရည်စွမ်းရည်နဲ့ ယုံကြည်မှုမရှိတော့လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံ မကြာခဏ လက်နက်ချအညံ့ခံနေရတယ်လို့ CDM စစ်အရာရှိတွေက ပုံမှန်ပြုလုပ်လေ့ရှိတဲ့ Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ချောက်မြို့နယ်သို့ စစ်ကူလာသည့် စစ်ကော်မရှင်ယာဥ်တန်း မိုင်းဆွဲခံရပြီး အရာရှိအပါ ၁၂ ဦး သေ

မကွေးတိုင်း၊ ချောက်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကော်မရှင်ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ် အရာရှိအပါအဝင် ထိခိုက်‌သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံဆီက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲအတွင်း ခရီးသည်များ ပိတ်မိနေခဲ့၊ ၃ နှစ်သား က​လေးငယ်နှင့် မိခင်ဖြစ်သူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲအတွင်း ပိတ်မိတဲ့ ခရီးသည်​တွေထဲက ၃ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲလို့ ဒေသခံ ၅ဦးထက်မနည်း သေဆုံး၊ အယောက် ၂ဝ ခန့် ဒဏ်ရာရ

“ဒဏ်ရာရတဲ့သူက ၁၅၊ ၂၀ ဝန်းကျင်လောက်ရှိတယ်။ သေဆုံးတာက လောလောဆယ်သိရတာ ၅ယောက်။ ရှာလို့မရသေးတာတွေလည်း ရှိနေသေးတယ်”လို့ မိုးကုတ်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ကျိုက်ထို မုပ္ပလင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၅ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ထားဝယ်မြို့အဝင် စစ်တပ်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ယောက်ထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ညီနောင်မဟာမိတ် ၃ ဖွဲ့ ငလျင်ကယ်ဆယ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးကာလ ၁ လ ဒုတိယအကြိမ် ထပ်မံသက်တမ်းတိုး

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA ၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်းတပ်မတော် TNLA တို့ဟာ အပစ်အခတ်ရပ်စဲရေးကာလကို ၁ လ ထပ်မံ သက်တမ်းတိုးကြောင်း မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။