စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ကင်း စခန်းနဲ့ မီးသတ်ရုံးတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ People’s Servant Revolution – Wetlet က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂၅ ရက် မနေ့က မနက်ပိုင်းမှာ ဝက်လက်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့် အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်း ၊ ထွေအုပ်ရုံး၊ ကင်းစခန်းနဲ့ မီးသတ်ရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ထိခိုက်မှုရှိပြီး သေဆုံးသူတစ်ချို့ရှိနိုင်ပေမယ့် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ၊ လှတော တိုက်နယ် ပကဖ၊ N Sai Naw Drone တပ်ဖွဲ့၊ Phoenix Winds Drone တပ်ဖွဲ့၊ Sn-Warazein ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ R Gyi Drone တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

တစ်နိုင်ငံလုံးက မြို့ပေါင်း ၅၀ ကျော်မှာ စစ်ကောင်စီက မထိန်းချုပ်နိုင်လို့ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့

စစ်ကောင်စီက ရွေးကောက်ပွဲ အကြောင်းပြကာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဟာ တစ်နိုင်ငံလုံးက မြို့ပေါင်း ၅၀ ကျော်မှာ ကောက်ယူနိုင်ခဲ့ခြင်းမရှိလို့ မှန်ကန်မှု မရှိနိုင်ဘူးလို့ အရပ်ဘက်အဖွဲ့အစည်းတွေ ကထုတ်ပြန်ပါတယ်။
Read More

ပျူရွာအတွက် ရိက္ခာလာပို့သည့် စစ်အုပ်စု လက်နက်ကြီးပစ်လို့ ဒေသခံ ၁ဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ပျူရွာကို ရိက္ခာပို့ဖို့လာတဲ့ စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ Chaung U Revolution News – CRN ထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ်၊ ဆီမီးခုံနယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦး ခဲယမ်းအချို့ ယူလာပြီး မိသားစုနှင့်အတူ အလင်းဝင်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဆီမီးခုံနယ်မြေ ရဲစခန်းက ရဲတပ်သား ၁ ယောက်က မိသားစုနဲ့အတူ ခဲယမ်းအချို့ ယူဆောင်လာပြီး အလင်းဝင်လာတယ်လို့ မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မင်းဘူးမြို့အနောက်မြောက်ဘက် အိုးပြင်မဲရွာကို ခလရ ၈၈ စစ်ကြောင်း မီးဝင်ရှို့၊ နေအိမ်၂၀ ကျော် မီးလောင်ပျက်စီး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ခလရ ၈၈ အကြမ်းဖက်စစ်သားတွေက မြို့အနောက်မြောက်ဘက် အိုးပြင်မဲကျေးရွာကို စစ်ကြောင်းဝင်မီးရှို့ရာ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း မင်းဘူးခရိုင် ပကဖ ထောက်လှမ်းရေးက မောင်းကိုပြောပါတယ်။
Read More

သာဂရမြို့ဟောင်းက မြို့ရိုးတွေ ဖြိုချနေမှုမှာ ဗထူးတပ်မတော် ပါဝင်ပတ်သက်နေတယ်လို့ ပြောဆိုမှုတွေရှိနေ၊ စွပ်စွဲမှုတွေအပေါ် ဗထူးတပ်မတော် ငြင်းဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က နှစ် တစ်ထောင် သက်တမ်းရှိ ထားဝယ်ရှေးဟောင်းအမွေအနှစ် သာဂရမြို့ဟောင်း၊ မြို့ရိုးတွေကို စက်ယန္တရားသုံးဖြိုချနေတဲ့ အပေါ် ဝေဖန်ပြောဆိုမှုတွေ မြင့်တက်နေပါတယ်။
Read More

ရွှေဘို ပကဖ က ကျဆုံး ပကဖ ရဲ​ဘော်များ၏ မိသားစုဝင်များကို ထောက်ပံ့​​ငွေနှင့် ဦးညွှတ်ဂုဏ်ပြုလွှာ ​ပေးအပ်

စစ်ကိုင်းတိုင်း၊ ​ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ကျဆုံးရဲ​ဘော်​တွေအတွက် ထောက်ပံ့​ငွေတွေနဲ့ ဦးညွှတ်ဂုဏ်ပြုလွှာကို ရဲ​ဘော်​တွေရဲ့ မိသားစုဝင်​တွေဆီ ​ပေးအပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။