မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီး ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဧပြီလ ၂၄ ရက် ညနေပိုင်းက ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပြည်သူ့စစ်ရွာကနေ ထွက်လာတဲ့ စစ်သားနဲ့ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

” ၁၃ ယောက်လောက်ရှိမယ်။ ရိက္ခာရှာထွက်ရင်း ကင်းပတ်နေတာပါ။ စခ၁ကောင်သေပေမယ့် လက်နက်မရခဲ့ပါဘူး။ ဖမ်းမိတဲ့ပျူစောထီးကိုတော့ စစ်သုံ့ပန်းဥပဒေအတိုင်းဆက်လုပ်သွားပါမယ်။” လို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မြိုင် ပ.က.ဖ တပ်ခွဲ၂ ဖြစ်တဲ့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပုံစာ – ဖမ်းဆီးရမိသည့် ပျူစောထီးနှင့်အတူတွေ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

စစ်ကောင်စီက လက်လွှတ်ခဲ့ရတဲ့ တပ်စခန်း၊နယ်မြေတွေကို ပြန်ရဖို့ ကြိုးပမ်းနေပေမယ့် MDY-PDF အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ထုတ်ပြန်.. မတ္တရာမှာ စစ်ကောင်စီက တိုက်ပွဲမရှိတဲ့ရွာကို ဒရုန်းနဲ့ဗုံးကြဲလို့ ကိုရင် ၁ပါးနဲ့ အမျိုးသမီး ၂ယောက်သေဆုံး..

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမရှိတဲ့ လက္ကောင်းကြီးရွာသစ် ဓမ္မာရုံကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ကိုရင်(၁)ပါး နဲ့ အမျိုးသမီးငယ် (၂)ယောက် သေဆုံးခဲ့ကြောင်း MDY -PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမြို့နယ် ပကဖ ထံ ပျူစောထီး ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ထိုင်းနိုင်ငံကို BIMSTEC ညီလာခံ တက်ရောက်ဖို့ ရောက်ရှိနေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်ကို ဆန့်ကျင်ကန့်ကွက်ကြဖို့ GSCB တိုက်တွန်း

"နိုင်ငံတကာအသိုင်းအဝိုင်းကို ခွေးတိုးပေါက်ကနေ ဝင်ဖို့ ကြိုးပမ်းနေတဲ့ မအလကို မောင်းထုတ်ကြစို့” ဆိုတဲ့ ခေါင်းစဥ်နဲ့ ထိုင်းအစိုးရက အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်ပြုပြီး ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (BIMSTEC) အစည်းအဝေး ဖိတ်ကြားခဲ့တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံတွင်း လူငယ်များကို စစ်တမ်းကောက်ယူရာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံယုံကြည်မှု အမြင့်ဆုံးဟုဆို

အကြမ်းဖက်စစ်တပ် အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်ထုရဲ့ ယုံကြည်ထောက်ခံမှု ၆၇ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရရှိထားတယ်လို့ အရပ်ဘက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Blue Shirt Initiative (BSI) က ထုတ်ပြန်ထားပါတယ်။
Read More

ရိက္ခာဖြတ်တောက်ခံထားရသည့်အတွက် ရိက္ခာထွက်ရှာသည့် ပျူထောက်ခံသူ ၁ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း တပ်ကုန်းရွာရှိ ပျူစောထီးတွေ ရိက္ခာဖြတ်တောက်ခံထားရတဲ့အတွက် ပျူထောက်ခံသူတစ်ယောက် ရိက္ခာရှာထွက်လာချိန် ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်တောင်ပိုင်း နဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

လူစုလူဝေး အသံကြားတာနဲ့ ရေဦးကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။