ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။

ဘန်ကောက်မြို့၊ ထန်ဆုန်ဟုန်စခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ချိန်ဝပ်ထနာ ၁၂ လမ်း၊ လမ်းသွယ် ၂၊ ထန်ဆုန်ဟုန်ခရိုင်ခွဲ၊ လက်ဆီခရိုင် က ကွန်ဒိုခန်းတခုမှာ လက်နက်ပစ္စည်း‌တွေ သိုလှောင်ထားတာကို သတင်းရရှိခဲ့တာကြောင့် ဝင်ရောက်စီးနင်းရှာဖွေခဲ့တာဖြစ်ပြီး၊ ထွက်ဆိုချက်များအရ ၎င်းလက်နက်တွေဟာ KNU ထံ ပေးပို့ဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။
စီးနင်းမှုအတွင်း သက်သေခံပစ္စည်းများ အများအပြား သိမ်းဆည်းရမိခဲ့ကြောင်းနဲ့ အခန်းပိုင်ရှင်ဟာ ဧပြီလ (၁၂) ရက်နေ့ကတည်းက ထွက်ခွာသွားခဲ့ပြီး ပြန်မလာသေးကြောင်း အဆောက်အအုံရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အခုလို စစ်လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းဆည်းရမိတာဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်က မယ်ဟောင်ဆောင်မှာ ထိုင်းရဲတပ်ဖွဲ့က လက်နက်ပစ္စည်းတွေနဲ့ ထိုင်းအမျိုးသား ၂ ဦးကို ဖမ်းဆီးမှုရဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးတာလို့ သတင်းမှာ ဆိုထားပါတယ်။ ၎င်းတို့ ၂ ဦးဟာ မယ်ဟောင်ဆောင်မှာရှိတဲ့ KNU ထံကို ပို့ဆောင်ဖို့ ချန်ဖူးအက်ခရိုင်ခွဲ၊ မူအန်းခရိုင်၊ ချင်းမိုင်ပြည်နယ်ကနေ လက်နက်တွေ သယ်ဆောင်ဖို့ငှားရမ်းထားကြောင်း ဝန်ခံခဲ့ကြတယ်လို့ သတင်းများကဆိုပါတယ်။
0 Shares:
You May Also Like
Read More

နောင်လာနောက်သားတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်မယ့် ဘိန်းခင်းတွေကို CDF Civic Defense Militia – CDM-Siyin တပ်ဖွဲ့ ဖျက်ဆီးရှင်းလင်း

ချင်းပြည် (Chinland) ၊  Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့ သွေးထိုးမှုနဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဒီဇင်ဘာလ ၁၉ရက်နေ့က  ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း CDF Civic Defense Militia - CDM-Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရာမညမွန်တပ်တော် RMA နှင့် မွန်လွတ်မြောက်ရေးတပ်တော် MLF ပေါင်းစည်း

စစ်အာဏာရှင်စနစ်ကို ထိထိရောက်ရောက် တိုက်ဖျက်ချေမှုန်းနိုင်ဖို့အတွက် မွန်လွတ်မြောက်ရေးတပ်တော် (MLF) နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD)/ RMA တို့ ပေါင်းစည်းလိုက်ကြောင်း အဆိုပါအဖွဲ့တွေက ပူးတွဲထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်း စံပြုတည်မြဲအမိန့် စစ်ရုံးချုပ် ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၊ PDF စစ်ရုံးချုပ်က မေလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေဝါရောင် စိတ်ဓာတ် ဆုပ်ကိုင်ပြီး နွေဦးတော်လှန်ရေးအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး) ထုတ်ပြန်

ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရင်း နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၁၈ နှစ်ပြည့်အထိမ်းအမှတ် သံဃသမဂ္ဂ(မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

ဒဏ်ရာရပြည်သူတွေကို ခွဲစိတ်ကုသပေးနေချိန် ဆေးပေးခန်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ (၃)ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ People's Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရာတော်တွင် ရိက္ခာသယ်လာသည့် ပျူစောထီးများအား တော်လှန်ရေးတပ်များ ပစ်ခတ်ဖမ်းဆီး၊ ဆန်ဆီ ရိက္ခာများနှင့်အတူ ပျူ ၈ ဦးအား အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ရိက္ခာသယ်ထွက်လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ရာ ၈ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ရိက္ခာပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ Ngwe Dwin Revolution Force တပ်ခွဲမှူး ကိုစစ်နိုင်က မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ ၉ရက် ဒီမနက်မှာ အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးရွာကနေ ညောင်ဒူးလေးရွာဘက် ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။