မကွေးတိုင်း ကံမမြို့နယ် ရေနံ့သာကျေးရွာရဲစခန်းကို တော်လှန်ရေးတပ်တွေ ဧပြီ ၂၅ ရက် နံနက်အ စောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် – ၄ တပ်ရင်းထံက သိရပါတယ်။

အဲဒီရဲစခန်းဟာ သရက်-ကံမ-ပြည်ကားလမ်းဘေးမှာရှိပြီး ကပစ ၁၂ နဲ့ ၁၃မိုင် အကွာမှာရှိပြီး စခန်းမှူး မြတ်သွင်အောင် ဦးဆောင်တဲ့ စခန်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ လက်နက်ချအညံ့ခံမယ်လို့ ပြောပြီး တော်လှန် ရေးရဲဘော်တွေ အပစ်ရပ်ပေးချိန်မှာ စခန်းမှူးအပါအဝင် ရဲတပ်သားတွေ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

တော်လှန်ရေးရဲဘော်တွေ စခန်းတွင် ဝင်ရောက်ရှင်းလင်းခဲ့ရာ ရဲတပ်ကြပ်အဆင့် သုံ့ပန်း ၁ ယောက်ဖမ်းစီးရမိပြီး G-3 ၁ လက်၊ G-3ကျည်ဘောက် ၃ ခု၊ ကျည်မျိုးဆုံ ၁၀၀၀ ကျော်၊ ကား ၂ စီး၊ ဆိုင်ကယ် ၄ စီးနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ် အောင်သာဘဲရွာသစ်ပျူစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ ရဲဘော် ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာဘဲရွာသစ်မှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ပျူစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲဘော် ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် Great Wall ဟိုတယ်ကို အပြီးသတ်ဖြိုချ (ရုပ်/သံ)

မန္တလေးမှာ ငလျင်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့တဲ့ Great Wall ဟိုတယ်ကို ဒီနေ့ ဧပြီလ ၆ ရက်နေ့မှာ အပြီးသတ် ဖြိုချလိုက်တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမြို့နယ် တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ် ၈/၂၀၂၄ အ​ခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်အခမ်း အနားကျင်းပ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ် ၈/၂၀၂၄ အ​ခြေခံ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ တယ်လို့ Southern YSO PDF မှ နိုဝင်ဘာ ၃၀ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

သေ့ဘောဘိုးစခန်းသိမ်းပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တော်လှန်ရေးပူးပေါင်းတပ်များကို အောင်သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။
Read More

ခပေါင်းချောင်းရေ မြင့်တက်လာသည့်အတွက် တောင်ငူမြို့ အနိမ့်ရပ်ကွက်အချို့နှင့် ကျေးရွာများ ချောင်းရေဝင်ရောက်ကာ အရေးပေါ်ရွှေ့ပြောင်းနေရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ခပေါင်းချောင်းရေ မြင့်တက်လာတဲ့အတွက် ရပ်ကွက်အချို့နဲ့ ကျေးရွာ တွေမှာ ချောင်းရေဝင်ရောက်လာပြီး အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာမှ မန္တလေးဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြား ကာယာဉ် ၇ စီးကို ဖေ‌ဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။