နေပြည်တော်ကောင်စီနယ်မြေရဲ့ အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာ ပါဝင်ခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီကို ဆက်သွယ်ဖို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

အသိပေးထုတ်ပြန်ချက်ထဲမှာ ဘာအတွက်ကြောင့် ဆောက်လုပ်ရေးကုမ္ပဏီတွေကို ခေါ်ယူတယ်ဆိုတာ မဖော်ပြထားပေမယ့်၊ နေပြည်တော်အထူးဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ရုံးဌာနအဆောက်အဦး၊ ဝန်ထမ်းအိမ်ရာ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦး၊ အခြားအဆောက်အဉီးတွေ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေအားလုံးအနေနဲ့ နေပြည်တော်စည်ပင် အင်ဂျင်နီယာဌာန(အဆောက်အအုံ)ကို ဆက်သွယ်ရမယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ထုတ်ပြန်လိုက်တာပါ။

အဲဒီထုတ်ပြန်ကြေညာမှုအပေါ် အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ထိုစဥ်က ဆောက်လုပ်ခဲ့ခြင်းမရှိခဲ့လို့ အရေးယူမှု တစုံတရာရှိမယ်လို့ ကြားသိရသလို၊ ငလျင်ကြောင့် ပျက်စီးခဲ့တာတွေ ပြန်လည်တည်ဆောက်ပြုပြင်ဖို့ အရင်ဆောက်လုပ်ရေးကုမ္ပဏီတွေကို ခေါ်ယူတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပြီး၊ အဆိုပါသတင်းများအပေါ် မောင်းသတင်းဌာနအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အင်အားပြင်းငလျင်ကြီးဖြစ်တဲ့ စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရပ်ကွက်ကြီး ၉ ခု၊ နေပြည်တော်ကောင်စီနဲ့ စည်ပင်အိမ်ရာဝင်းအတွင်းက ဝန်ထမ်းအိမ်ရာတွေမှာ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုထိခိုက်ပျက်စီးမှုတွေ များပြားလွန်းတာဟာ ယခင်ကထဲက ဆောက်လုပ်သူတွေအနေနဲ့ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ဆောက်လုပ်ခဲ့ခြင်း မရှိခဲ့တာကြောင့် အခုလို ပေးဆပ်မှုတန်ဖိုး ကြီးမားခဲ့ရတာဖြစ်တယ်လို့ စစ်‌ခေါင်းဆောင် မင်းအောင်လှိုင်က အရင်စစ်အာဏာရှင် သန်းရွှေရဲ့ စီမံခန့်ခွဲခဲ့မှုတွေအပေါ် ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကပဲ ဝေဖန်ပြစ်တင်ပြောဆိုခဲ့ပါတယ်။

ပုံစာ – မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ထိခိုက်ပျက်စီးမှုအချို့
0 Shares:
You May Also Like
Read More

မိုင်းလုံမြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၄) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀)ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၄) လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းပြီးနောက် အာဏာလက်မလွှတ်ချင်သည့် မင်းအောင်လှိုင် စစ်တိုင်းမှူးအပြောင်းအလဲ အကြိမ် ၅၀ လုပ်ခဲ့ဟု ဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း ၅နှစ်နီးပါး အချိန်ကာလအတွင်း စစ်တိုင်းမှူး အပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။
Read More

လူမဆန်စွာ ညှင်းပန်းနှိပ်စက် အသတ်ခံရမှုတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စီပါရွာ ဒေသခံတွေကို စားနပ်ရိက္ခာလှူဒါန်း

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံတွေကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်သတ်ဖြတ်ခဲ့တာကို ပြည်သူတွေ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ကြားသိခဲ့ရပါတယ်။
Read More

မြန်မာ့အရေးမှာ ဒေသတွင်းနိုင်ငံတွေ ပိုမိုပါဝင်လာမှု ရှိနေကြောင်း NUG ယာယီသမ္မတ သတိပေး

မြန်မာ့အရေးမှာ  ဒေသတွင်းနိုင်ငံတွေရဲ့ ဝင်ရောက်ပါဝင်လာမှုဟာ ပိုပြီး ထဲထဲဝင်ဝင်ဖြစ်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

ကျဆုံး အာဇာနည်သူရဲကောင်းများ၏ မိသားစုဝင်များအား “ပြည်သူမှပြည်သူသို့” အစီအစဥ်ဖြင့် ထောက်ပံ့ ဂုဏ်ပြုပေးအပ်

အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့အာဇာနည် သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ငွေနဲ့ ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့ကြောင်း Natogyi PDF က ထုတ်ပြန်ထားပါတယ်။
Read More

ဝန်ထမ်းတွေကို မထိခိုက်စေချင်တာကြောင့် 29 ရတနာဆိုင်ကို သတိပေးဖောက်ခွဲမှုသာ လုပ်ခဲ့ကြောင်း T.U.F မြို့ပြပြောက်ကျားအဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာမှာရှိတဲ့ 29 ရတနာဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ T.U.F (Together Urban Force ) အဖွဲ့က ထုတ်ပြန်လာပါတယ်။