တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဒုတပ်ကြပ်ဟာ MA-1 တစ်လက်၊ ကျည် အတောင့် ၁၅၀ ၊ ကျည်ဘောက် ၄ခုတို့နဲ့အတူ ဧပြီ ၂၁ ရက်မှာ အလင်းဝင်ခိုလှုံလာတယ်လို့ ဆိုပါတယ်။

အခုလို ပြည်သူ့ရင်ခွင်ကို ရဲဝံစွာ ကူးပြောင်းလာတဲ့ ဒုတပ်ကြပ်ကို တပ်ရင်းစခန်းမှာ လုံခြုံစွာထိန်းသိမ်း စောင့်ရှောက်ထားပြီး ကာကယံရှင် သဘောဆန္ဒအလျောက် နေထိုင်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း အမြဲကြိုဆိုနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၂) က အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရကာ ၁၀ ယောက် သေပြီးနောက် တိုက်ပွဲနှင့် မသက်ဆိုင်သည့်ရွာကို စစ်တပ် ဗုံးကြဲဖျက်ဆီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက် သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

SSLRU ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်းအနားကို ရှမ်းတောင်ဒေသ တ‌စ်နေရာမှာ ဒီဇင်ဘာလ (၂၀) ရက် ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
Read More

ဂျာမနီရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံခဲ့

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

AA ထိုးစစ်နှင့်အတူ စစ်ကောင်စီအတွက် စိုးရိမ်ရေမှတ် ရောက်ရှိလာသည့် မြို့တော် စစ်တွေ

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို အာရက္ခတပ်တော် AA က ဖေဖော်ဝါရီလဆန်းပိုင်းမှာ စတင်ထိုးစစ်တိုက်ခိုက်ခဲ့တာဟာ မြို့တော်နဲ့ မိုင်အနည်းငယ်အကွာကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Read More

ပဲခူးတိုင်းမှာ ၂၀၂၅ ခုနှစ် ပထမ ၄ လအတွင်း စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၃၂ ဦးရှိဟု AAPP ထုတ်ပြန်

ပဲခူးတိုင်းမှာ ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိတ်က စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ဘုတ်လမ်းဆုံမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။