ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို DMO Local PDF ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၆ ရက်က အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ် ၆ ယောက်ဟာ MA 1 သေနတ် ၅ လက်၊ ကျည် ၄၅၅ တောင့်၊ ကျည်ဘောက် ၁၆ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ 14 နင်းမိုင်း ၃ လုံး၊ ကျည်ကာ ၄ ထည်၊ အိုင်ကွန် ၁ လုံး၊ ဖုန်း ၇ လုံးတို့နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၆ ယောက်ကို ကနဦးထောက်ပံ့ငွေ ကျပ် ၆၅ သိန်းခန့် ထောက်ပံ့ထားပြီး ကျန်ရစ်မိသားစုနဲ့ ဆက်သွယ်နိုင်အောင် ကူညီလုပ်ဆောင်ပေးကာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ DMO Local PDF က ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ထွက်ဆိုချက်အရ တပ်တွင်းမှာ WY မူးယစ်ဆေးဝါးကို စိတ်ကြိုက်သုံးစွဲရောင်းဝယ်နိုင်သလို အနိုင်ကျင့် ညှင်းပန်းနှိပ်စက်တာလည်း မကြာခဏ ခံစားခဲ့ရတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ အဓမ္မ စစ်မှုထမ်း အပတ်စဉ် (၉) အထိ နိုင်ငံတစ်ဝန်း ပြည်သူ ၄၀၀၀၀ ကျော် စုဆောင်းခံထားရ

စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်း အပတ်စဉ် (၉) အထိ ရောက်လာချိန်မှာ နိုင်ငံတစ်ဝန်းက လူဦးရေ ၄၀၀၀၀ ကျော်လောက်ကို အတင်းအဓမ္မ စုဆောင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။
Read More

ပါတီမဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးသည်ဆိုကာ စစ်တပ်က လူငယ် ၄ဦးကို စစ်ကော်မရှင်က အရေးယူဖမ်းဆီး

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်း၊ သဃ်န်းကျွန်းမြို့နယ်ထဲက လူငယ်၄ယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်၊ မနေ့မနက်ပိုင်းမှာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းနဲ့ ဦးဘဟန်လမ်းထောင့်က ကြံ့ဖွံ့ပါတီ ဆိုင်းဘုတ် ၁ ခု အပါအဝင် လေးထောင့်ကန်လမ်းနဲ့ ဗမ္ဗူဒိပ်လမ်းထောင့်ရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခု၊ ဇဝနလမ်းဆုံရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခုနဲ့ PPP ပါတီ ဆိုင်းဘုတ် ၁ ခု တို့ကို လူငယ်တွေကဖျက်ဆီးခဲ့တယ်လို့ စစ်အုပ်စုက စွပ်စွဲထားတာပါ။
Read More

၁၀ နှစ် တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ် တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ချေ၊ ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးရုံးမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ် တပ်ကြပ်တစ်ယောက်ဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့အတူ ပြည်သူရင်ခွင်ဆီ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်နဲ့ ဆန်ဖရန်စစ္စကိုက လူထုလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် “ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်ဖြင့်  အမေရိကန်ရောက်မြန်မာပြည်သူတွေက  စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

ပုလဲနယ်က အကြမ်းဖက်စခန်းတွေကို စက်တင်ဘာလအတွင်း ဗုံးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ အများအပြားသေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ အကြမ်းဖက်ရဲစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်လအတွင်း ဒရုန်နဲ့ ဗုံးသီး အလုံး ၁၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တွန်းဇံမြို့အနီး ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တွန်းဇံမြို့အနီး ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို ဒီဇင်ဘာလ (၃၁) ရက် မနေ့က မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ THE GOVERNMENT OF CHINLAND က ထုတ်ပြန်ထားပါတယ်။