မကွေးတိုင်း၊ သရက်ခရိုင်၊ သရက် – ကံမ – ပြည် ကားလမ်းဘေးက ရေနံ့သာရွာ ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ ရဲတပ်ကြပ် ၁ ယောက်အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းသတင်းဌာနကို ပြောပါတယ်။

ဧပြီလ ၂၅ ရက် မနေ့က မနက်အစောပိုင်းမှာ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကပစ (၁၂)နဲ့ (၁၃)မိုင်အကွာကရေနံ့သာရွာရဲစခန်းကို သရက်ခရိုင် အမှတ် – ၄ တပ်ရင်းရဲ့တပ်ခွဲ (၁) နဲ့ တပ်ခွဲ (၂) တပ်ဖွဲ့ဝင်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကို ရဲတပ်ဖွဲ့ဝင်တွေဘက်က အချိန်အနည်းငယ်လောက်သာ ပြန်လည်ခုခံနိုင်ခဲ့ပြီး လက်နက်ချအညံ့ခံဖို့တောင်းဆိုခဲ့ပေမယ့်လည်း အလစ်မှာပဲ လက်နက်တွေ ယူဆောင် ထွက်ပြေးသွားခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စခန်းကိုပဲဝင်ရောက်ရှင်းလင်းရေး လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ထွက်ပြေးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲမှာ ရေနံ့သာရဲစခန်းရဲ့စခန်းမှူးမြတ်သွင်အောင်လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ စတင်တိုက်ခိုက်တဲ့ အချိန် ၁၅မိနစ်လောက်မှာပဲ သူတို့ဘက်က လက်နက်ချအညံ့ခံမယ်လို့ပြောလာတယ်။ အဲ့တော့ကျနော်တို့အပစ်ရပ်လိုက်တယ်။ အဲ့အချိန်မှာပဲ စခန်းနောက်ချောင်းကနေ လက်နက်တွေယူပြီးပြေးပါတော့တယ်။ အဲ့မှာ ရဲဘော်တွေက စခန်းကိုဝင်ရောက်ရှင်းလင်းတယ်။ သူတို့ကင်းပတ်ရင်စီးတဲ့ကားအပါဝင် ဆိုင်ကယ်တွေနဲ့ ကျည်တွေပါသိမ်းဆည်းရမိခဲ့ပါတယ်။” လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းသတင်းဌာနကို ပြောပါတယ်။

စခန်းအတွင်း ရှင်းလင်းရေးလုပ်ဆောင်ရာမှာတော့ G3 သေနတ် (၁)လက်၊ G3ကျည်ဘောက် (၃)ခု ၊ ကျည်မျိုးစုံ(၁၀၀၀) ကျော်နဲ့ ကား (၂) စီး ၊ ဆိုင်ကယ် (၄)စီးတို့အပြင် စစ်အသုံးအဆောင်ပစ္စည်းတစ်ချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရမိခဲ့ပြီး စခန်းကိုလည်း မီးရှို့ပြာချနိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် သရက်မြို့ဘက်ကနေ စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းထားတာရှိသလို ရေနံ့သာကျေးရွာဘက်မှာလည်း လုံခြုံရေးလုပ်ဆောင်တာတွေနဲ့ မင်းတုန်းမြို့ဘက်ကနေ တိုက်ပွဲနဲ့မဆိုင်တဲ့နေရာတွေဆီ လက်နက်ကြီးပစ်ခတ်တာတွေပါ ရှိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်တဲ့ ရေနံ့သာရဲကင်းစခန်း ရှင်းလင်းရေးမြင်ကွင်းများ…
0 Shares:
You May Also Like
Read More

မန္တလေးမြို့က ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီလာပို့ရင်း လုယက်ဓားပြတိုက်မှု ဖြစ်ပွါး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁လမ်းနဲ့ ၈၂လမ်းကြား၊ ၂၈လမ်းမကြီးပေါ်က ဦးကိုလေး ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီ လာပို့သူတွေကနေ လုယက်ဓားပြတိုက်သွားကြောင်း မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
Read More

Gender တန်းတူညီမျှရေးဌာနနဲ့ ဗဟိုကျန်းမာရေးဌာန​ရဲ့ ဌာနမှူးတွေနဲ့ တာဝန်ခံတွေကို တရားဝင်ကျမ်းသစ္စာဆို ခန့်အပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ​ရဲ့ Gender တန်းတူညီမျှရေးဌာနနဲ့ ဗဟိုကျန်းမာရေးဌာနစတဲ့ ဌာနနှစ်ခု​ရဲ့ ဌာနမှူး၊ ဒုတိယဌာနမှူးနဲ့ တာဝန်ခံတွေကို တရားဝင်ကျမ်းသစ္စာကျိန်ဆိုကာ ခန့်အပ်တဲ့ အခမ်းအနားကို ဒီဇင်ဘာလ (၁၅) ရက် မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

“Hope & Resilience” Photo Exhibition ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်…

နွေဦးတော်လှန်ရေး လေးနှစ်ပြည့်အဖြစ် ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့မှာ "Hope & Resilience" လေးနှစ်တာကာလ မြန်မာ့ဒီမိုကရေစီခရီးလမ်း မှတ်တမ်းဓါတ်ပုံပြပွဲကို ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Mulgrave community center မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝေါမှာ စစ်ကောင်စီတပ်ကင်းကို ချောင်းမြောင်းတိုက်ခိုက်ရာ စစ်သား ၁ ဦးသေ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံရွာမှာ ကင်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ချောင်း​မြောင်းတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လှိုင်သာယာ(အနောက်ပိုင်း) ရှိ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့များ ဗုံးပစ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေကအောက်တိုဘာ၂၁ ရက်၊ မနေ့ညပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦး သေဆုံး…

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦးနဲ့ လူပုဂ္ဂိုလ် ၆၆ ယောက် သေဆုံးခဲ့တယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။