မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၁၃) စက်ရုံကို ရှော့တိုက်ဒုံး ၁၀လုံးနဲ့ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က‌ ဒီကနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။

ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့၊ ည ၁၂ နာရီအချိန်မှာ BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ Shadow (အညာ) ၊ No More Dictatorship- NMD အဖွဲ့ ၊ Eagle Brigade အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ နယ်မြေခံ Upper Minhla P.D.F နဲ့ People independence army (PIO/PIA) အဖွဲ့ တို့ကလည်း အဘက်ဘက်မှ အဆင်ပြေအောင် အားဖြည့် ကူညီခဲ့တယ်လို့ သိရပါတယ်။

“ဒုံး ၁၀ လုံးစလုံး အတွင်းကိုကျရောက်ပေါက်ကွဲခဲ့ပါတယ်ခင်ဗျ။ စကစဘက် စက်ရုံတွေရော လူတွေရော အတော်ထိတယ်လို့ ကနဦး သိထားပါတယ်။ အတည်ပြုချက်ရရင် အသေးစိပ် ထပ်ကြေညာပေးပါ့မယ်။ ကျနော်တို့ ရဲဘော်တွေကတော့ ဘေးကင်းလုံခြုံပါပြီခင်ဗျ ” လို့ BWM အဖွဲ့မှ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရှော့တိုက်ဒုံးပစ်ခတ်ခံရလို့ ပေါက်ကွဲသံတွေ ထွက်ပေါ်လာတာကို တိုက်ပွဲဖြစ်လို့ ပေါက်ကွဲသံ ထွက်ပေါ်သယောင်ဖြစ်အောင် ကပစ ၁၃ရဲ့ တနီးတဝိုက်ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း သူကဆိုပါတယ်။
ကပစ ၁၃ စက်ရုံဟာ စစ်လက်နက်တွေ တပ်ဆင်ရာမှာ အရေးပါတဲ့ Primer ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး၊ စက်ရုံရဲ့ ထုတ်လုပ်မှု ရပ်တန့်သွားတာနဲ့ တခြားသော ကပစ စက်ရုံတွေလည်း ရပ်တန့်သွားနိုင်တယ်လို့ ကပစ စက်ရုံတွေမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။

“ဒီစက်ရုံက အရေးကြီးပါတယ်… ကျည်ဆံက အစ လေယာဉ်ပစ်ဗုံးသီးတွေမှာ သုံးတဲ့ Primer ထုတ်တာတွေ အပြင် စစ်ဘက်သုံးတဲ့ ယမ်းတွေထိ ပါတယ်။ မြင်အောင်ပြောရရင်တော့ ဖားကန့်လိုဒေသတွေမှာ မိုင်းခွဲရာမှာ အသုံးပြုတဲ့ မိုင်းတွေ၊ ယမ်းကြိုးတွေကို ထုတ်လုပ်တဲ့ စက်ရုံပေါ့နော်။ အဲ့လိုဆိုတော့ စပ်ဆက်တဲ့ စက်ရုံတွေ ဖြစ်တဲ့ ကပစ ၃၊ ၅၊ ၇၊ ၁၂၊ ၁၅၊ ၂၀၊ ၂၁ တို့ပါ ထုတ်လုပ်မှု ရပ်ဆိုင်းသွားရမယ့် အနေအထားမျိုးဖြစ်ပါတယ်” လို့ ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို မကွေး၊ အမှတ် ၁၆ တပ်မတော် ကုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ကနဦး သိရပါတယ်။

ပုံစာ- ကပစ- ၁၃ ကို BWM နှင့်ပူးပေါင်းတပ်များက ရှော့တိုက်ဒုံး များနှင့် ပစ်ခတ်တိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

လူထုခေါင်းဆောင် အပါအဝင် နိုင်ကျဉ်းအားလုံး လွတ်မြောက်ရေးနှင့် ပန်းသပိတ် (ဓာတ်ပုံသတင်း)

ကလေးဒေသခံ ပြည်သူလူထုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
Read More

ဝမ်းတွင်းကနေ မန္တလေးဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ကနေ မန္တလေးမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) ထံက သိရပါတယ်။
Read More

ရေဘေးဒဏ်ခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တကသများ-ရန်ကုန်က စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်း

၂ နှစ်ကြာ စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ မုန်တိုင်းရဲ နောက်ဆက်တွဲ ရေကြီးရေလျှံမှုကိုပါ တစ်ပါတည်းခံစားနေရပြီး ကျန်းမာရေးကုသဖို့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေမှာ ရှိနေတာကြောင့် လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးအချို့ကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို KTLA ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်လိုက်တယ်လို့ ကော်သူးလေတပ်မတော် (KTLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ယူကေရောက် တိုင်းရင်းသားတွေ ပင်လုံစာချုပ် (၇၉) နှစ်မြောက် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ယူကေရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားတွေက ပင်လုံစာချုပ်ချုပ်ဆိုခြင်း(၇၉) နှစ်မြောက် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက် မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေနဲ့ တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါ စစ်ကောင်စီတပ်သား ၁၀ ဦး သေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း ထိမှန် မီးလောင်ခဲ့ပြီး အရာရှိအဆင့် ၂ ယောက်အပါ စုစုပေါင်း ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်လာပါတယ်။