မကွေးတိုင်း၊ မင်းဘူးခရိုင် စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ ရှမ်းရွာကုန်းနဲ့ ဆင်ကျူံးကြား က ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ၈ ယောက်သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅တပ်ရင်း တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဧပြီလ ၂၆ ရက်၊ ဒီနေ့မနက်အစောပိုင်းမှာ စလင်းမြို့အနောက်ဘက်အထွက် ဝက်သည်းကန်အနီးမှာရှိတဲ့ စစ်အုပ်စုဂိတ်စခန်းကို PDF နဲ့ ပကဖ ပူးပေါင်းတပ်တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ရင်း မိနစ် ၂၀ကြာ အပြန်အလှန်​​ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုတွေကို မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်း နဲ့အတူ မကွေးတိုင်းပကဖစစ်ကြောင်း Yenanthar Column တို့ ပူးပေါင်းပြီး မီတာ ၃၀လောက်ကနေ RPG တွေနဲ့ ရှေးဦး ပစ်ခတ်ရင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

“ကျနော်တို့အနေနဲ့ သွားလာရေး ယာဥ် မပြည့်စုံတာကြောင့်ရယ် မြို့ပေါ်ဖြစ်တာကြောင့်ရယ်လိုအပ်တဲ့ သတင်းကို တစ်လနီးပါး ကြိုးစားစုဆောင်းပြီးမှ အခုလိုအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။” လို့ မင်းဘူးခရိုင် အမှတ် ၅တပ်ရင်း တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေချိန် ရှမ်းရွာကုန်းဘက်ကနေ စစ်အုပ်စုတွေကလက်နက်ကြီး ၆၀ မမတွေနဲ့ ပစ်ခတ်တာကြောင့် အထိအခိုက်မရှိအောင် လက်နက်ကောက်ချိန်မရပဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

စလင်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်ကစလို့ အကြမ်းဖက်စစ်အုပ်စုတွေက နေရာ ၂ ခုကနေ သံချပ်ကာယာဥ်တွေပါ သုံးပြီး စစ်ကြောင်းဝင်လာရာမှာ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

“စလင်း ကန်ဘောင်ကနေ ဝမ်းပြည့်ရွာဘက် တတ်လာတဲ့ စစ်ကြောင်းကိုလည်း ကျနော်တို့ပူးပေါင်းခုခံခဲ့ပါတယ်။ နောက်ပြီး သစ်ခေါက်တောင်ဘက် ကံပြားက ဝင်လာတဲ့ စစ်ကြောင်းကိုလည်း အဖွဲ့ပေါင်းစုပြီးခုခံခဲ့ပါတယ်။” လို့ မင်းဘူးခရိုင် အမှတ် ၅တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
ပုံစာ – Yenanthar Column နဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက တပ်ဖွဲ့ဝင်များကို တိုက်ပွဲအတွင်း တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ဒီးမော့ဆိုတွင် စစ်တပ်လက်နက်ကြီး နေအိမ်ပေါ် ကျရောက်မှုကြောင့် အဖေ၊ အမေနှင့် အဘွား သေဆုံးပြီး ကလေးများ ဒဏ်ရာရ ကျန်ရစ်ခဲ့

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိသားစုတစ်ခုရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား လူကြီး ၃ယောက် သေဆုံးကာ ကလေးတွေကတော့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး ရထားလမ်းပေါ်က စစ်ကောင်စီ ဂိတ်စခန်းများကို တော်လှန်ရေးတပ်များ စီးနင်းမီးရှို့၊ စစ်သား ၈ ဦး သေပြီး ၁ ဦး ပျောက်ဆုံးနေ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်က စစ်ကောင်စီရဲ့လုံခြုံရေးကင်းစခန်းတွေကို တစ်ချိန်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၈ယောက် သေပြီး ၁ယောက် ပျောက်ဆုံးနေကြောင်း Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်နက်သဖွယ်သုံးပြီး ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ လုပ်ဆောင်ဖွယ်ရှိနေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခင်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အပေးအယူသဘောမျိုး လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။
Read More

ရွှေကုက္ကိုလ် ကျားဖြန့်များ ရုံခါတဲ့ ည

ကရင်နယ်ခြားစောင့်တပ် BGF က အကြမ်းဖက်ဖက်စစ်တပ်နဲ့ ပေါင်းပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့နယ်က ကျားဖြန့်တွေကို အပြီးသတ် နှိမ်နင်းတော့မယ်လို့ ကြိုတင်အသိပေး သတင်းလွှင့်ပြီးတဲ့နောက် ရွှေကုက္ကိုလ်မှာရှိတဲ့ ငွေလိမ်ဂိုဏ်း ကျားဖြန့်သမားတွေ မနေ့က ညတွင်းချင်း အလုံးအရင်းနဲ့ ထွက်ခွာခဲ့ကြပါတယ်။
Read More

ရေနံချောင်းနယ်ဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦး သေဆုံး

မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ်ထဲကို အင်အားအများအပြား နဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုမိုင်းဆွဲခံရတဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ People's Defence Force -Yenangyaung (YNG-PDF) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့မိကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်း ဝန်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်မိုးပေါ်ထောင်ကာ ပစ်ခတ် တားဆီးခဲ့ရတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ဒီနေ့မှာ ဝန်ခံပြောဆိုလိုက်ပါတယ်။