ဟန်ပြအပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော်အထိပြုလုပ်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲ့ လူသားချင်းစာ နာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက်မှာတော့ ရခိုင်ပြည်မှ မြို့နယ် ၅ ခုကို စစ်ရေးအရ ၄၀၉ ကြိမ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ အဆောက်အအုံ ၂၄ ခု ပျက်စီးခဲ့တယ်လို့ (HDCO) ထုတ်ပြန်လိုက်တာပါ။

ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ပထမအကြိမ် အပစ်ရပ်ခြင်း၊ ဧပြီလ ၂၃ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ အထိ ဒုတိယအကြိမ် အပစ်ရပ်ခြင်းများကို ကြေညာခဲ့ပြီးနောက် အာဏာသိမ်း စစ်တပ်က တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်က အပစ်ရပ် ကြေညာမှုကို လေးစားလိုက်နာခြင်းမရှိဘဲ ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အတွင် ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေနှင့်ပေါက်တောမြို့နယ်တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သား ပြည်သူ အပေါ် လေကြောင်းတိုက်ခိုက်ခြင်း၊ ဒရုန်းတိုက်ခိုက်ခြင်း၊ စက်တပ်လေထီးများဖြင့် တိုက် ခိုက်ခြင်း၊ ရေတပ်သင်္ဘောက ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ဖြင့် နိုင်ငံတကာ လူ သားချင်းစာနာ ထောက်ထားမှု ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ထန်းတပင်မှာ အများပြည်သူ အိပ်မောကျနေချိန် စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် တပ်ရင်း ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်-ရေးလမ်းမှာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက် ၂ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး ပြည်ထောင်စုအမှတ်(၈)လမ်းမမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၂ယောက် သေဆုံးပြီး ၅ယောက် ဒဏ်ရာရခဲ့တယ်လို့ Ramonya Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သံတွဲမြို့နှင့် ဂွမြို့တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း ၂၀၀၀ ကျော် AA ရှင်းလင်းခဲ့

ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ဂွမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို အာရက္ခတပ်တော် (AA) က ရှင်းလင်းခဲ့ရာ လက်ရှိအချိန်အထိ မြေမြှုပ်မိုင်း ၂၀၀၀ ကျော်အထိ ရှင်းလင်းခဲ့တယ်လို့ အာရက္ခမင်းသမီးမီဒီယာက သတင်းဖော်ပြထားပါတယ်။
Read More

မြို့သိမ်းဖို့ထက် မြို့ထိန်းဖို့ခက်လို့ တပ်သားသစ်တွေ ခေါ်ယူနေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ ပြော

မြင်းခြံခရိုင်ထဲက နွားထိုးကြီး၊ မြင်းခြံနဲ့ ဝမ်းတွင်းမြို့နယ်၊ ရေစကြိုမြို့နယ်တွေမှာ အဓိက စစ်ရေးလှုပ်ရှားနေတဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ဟာ တပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူနေပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ စိုင်းပြင်းနေပါတယ်။ 
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၆ ဦး သေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာ ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ဖြစ်စဥ်တွေကို အဓိက ဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူထံ သိရပါတယ်။