တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၁၃) နဲ့ ခလရ (၄၃၂) တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ် ၃ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

စကခ (၁၃) က စစ်ကောင်စီတပ်သား(၂) ယောက်ဟာ တော်လှန်ရေး ပူးပေါင်းစစ်ကြောင်း စစ်ဆေးရေးဂိတ်ကို ဧပြီလ ၂၀ ရက်မှာ အလင်းဝင် ရောက်ရှိလာတာဖြစ်ပြီး အသက်(၃၁)နှစ်အရွယ် ရဲဝင်းအောင်ဆိုသူနဲ့ အသက်(၂၄)နှစ်အရွယ် သူရစိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်စစ်သား ၂ ယောက်ဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၉) အဖြစ် ရန်ကုန်တိုင်း၊ ဂျိုးဖြူလေးသင်တန်းကျောင်းမှာ စစ်သင်တန်း (၃) လ တက်ရောက်ခဲ့ပြီး ဘုတ်ပြင်းမြို့နယ် စကခ(၁၃) ကို ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်စစ်သား ၂ ယောက်ဟာ စစ်ကောင်စီလက်အောက် တာဝန်ဆက်လက် မထမ်းဆောင်ချင်တော့တာကြောင့် ဧပြီလ ၁၇ ရက်မှာ စစ်ကောင်စီတပ်ရင်းစခန်းကနေ လက်နက်မပါဘဲ ထွက်ပြေးလာတာဖြစ်တယ်လို့ သိရပါတယ်။

ခလရ (၄၃၂)တပ်ရင်းက စစ်ကောင်စီတပ်သား စည်သူကျော် ဆိုသူဟာလည်း ဧပြီလ ၂၀ ရက်မှာပဲ CDM ပြုလုပ်ကာ ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်း ပူးပေါင်းစစ်ကြောင်းဆီ ပြည်သူရင်ခွင်ကတဆင့် ဆက်သွယ်ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

အသက်(၂၈)နှစ်အရွယ် အလင်းဝင်စစ်သားဟာ မတရားစစ်မှုထမ်းစုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ်(၉) ဗထူးသင်တန်းကျောင်းမှာ စစ်သင်တန်း (၃)လ တက်ခဲ့ပြီးနောက် တနင်္သာရီမြို့နယ် ခမရ(၅၅၈) ကတဆင့် ဘုတ်ပြင်းမြို့နယ် ခလရ(၄၃၂) ကို ပို့ဆောင်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

UWSA သည် ထိုင်းသို့ဝင်ရောက်လာသော မူးယစ်ဆေးဝါးများ၏ အဓိကအရင်းအမြစ်ဟု သက်ဆင်ပြောဆိုချက် “ဝ” ငြင်းဆို၊ စစ်ကောင်စီ ဘာမှမလုပ်လျှင် ထိုင်းဝင်ရောက်ကိုင်တွယ်သင့်ဟု သက်စင်ဆို

“သူတို့ရဲ့ ပြောဆိုချက်အတွက် သက်သေအထောက်အထားပြဖို့ လိုတယ်။ ကျွန်တော်တို့က သူတို့လိုပဲ (မူးယစ်ဆေးဝါး) နှိမ်နင်းနေပါတယ်။ နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်တို့က (မူးယစ်ဆေးဝါး) တိုက်ဖျက်ရေး ဆက်တိုက်လုပ်ဆောင်နေတာပါ” လို့ ၎င်းက ဧရာဝတီကို ပြောဆိုခဲ့ကြောင်းလည်း ဆိုပါတယ်။
Read More

ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိကြောင်း မြို့ပြကြွက်တာဝန်ရှိသူက ပြောပါတယ်။
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူလို့ သတင်းထွက်ပေါ်နေတဲ့ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို အသေဖမ်းမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို တော်လှန်ရေးတပ်တွေ လိုက်လံပစ်ခတ်ရာ အသေဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျောက်နီမော်ကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၂၆ ယောက် သေပြီး ၂၇ ယောက် ဒဏ်ရာရ၊ နေအိမ် (၃၉၈) လုံး မီးလောင်ကျွမ်း…

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၂၆ ယောက် သေပြီး ၂၇ ယောက် ဒဏ်ရာရကာ နေအိမ် (၃၉၈) လုံး မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ မြို့ကို ထိန်းချုပ်ထားတဲ့ ရက္ခိုင့်တပ်တော် AA က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ ရဲ ၁ ယောက်ကို ရှင်းလင်းခဲ့သူတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက်နဲ့တကွ ပကဖထံ ထွက်ပြေးခိုလှုံ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲ၁ယောက်ကို ပစ်ခတ်ရှင်းလင်းပြီး အလင်းဝင်လာသူတွေအပါအဝင် စစ်​ကောင်စီတပ်သား၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ခိုလှုံလာကြောင်း မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။