မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ တရုတ်ဂတ်(စ်)ပိုက်လိုင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဧပြီလ ၂၄ရက်၊ မနေ့က ညနေပိုင်းမှာ ဂတ်စ်ပိုက်လိုင်းစောင့် စစ်တပ်ဂိတ်စခန်းကို ပကဖ တပ်ဖွဲ့ဝင်တွေက သူတို့ထုတ်လုပ်ထားတဲ့ ၈၀ မမ ၅လုံး နဲ့ ဗဒိန် ၁လုံး ပစ်ခတ်တိုက်ခဲ့တာလို့ သိရပါတယ်။

နွားထိုးကြီး ပကဖ တပ်ဖွဲ့ဝင်များလက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေစဥ်

“မနေ့ညနေ၅နာရီခွဲမှာ နွားထိုးကြီးမြို့အရှေ့ဘက်၊ ထန်းဇင်ရွာနားက တရုတ်ပိုက်လိုင်းစောင့် စကစ ဂိတ်စခန်းကို ကျနော်တို့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဂိတ်မှာ စကစ အင်အားက ၃၀လောက်ရှိပါတယ်။ ပကဖကိုယ်တိုင် ထုတ်လုပ်ထားတဲ့ ၈၀မမတွေ၊ ဗဒိန်တွေပစ်ခဲ့တာပါ။” လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပကဖ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထဲက ၁လုံးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာ အဆောက်အဦးအပေါ် ကျရောက်ပေါက်ကွဲခဲ့တာ​ကြောင့် အကြမ်းဖက်စစ်သားတွေထိခိုက်မှုရှိခဲ့ပြီးအပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၃ယောက်ကိုတော့ ဆေးရုံပို့ဆောင်ထားရတယ်လို့ နွားထိုးကြီးပကဖ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

နွားထိုးကြီး ပကဖ တပ်ဖွဲ့ဝင်များလက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

လုံခြုံတရားမျှတပြီး တန်းတူညီမျှမှုရှိသည့် လုပ်ငန်းခွင်ရရှိစေရန် ကြိုးပမ်းနေသူများအားလုံးနှင့်အတူ ရပ်တည်ထောက်ခံကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်အရုံး (KNU) အနေနဲ့ လူတိုင်းအတွက် လုံခြုံမှုရှိကာ တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့ လုပ်ငန်းခွင်ရရှိစေအောင် ကြိုးပမ်းနေသူအားလုံးနဲ့အတူ ရပ်တည်ထောက်ခံကြောင်း ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၇ ဦး K.N.L.A ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းနေရတဲ့ တပ်သားသစ် (၇) ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

မြစ်ကြီးနား-တနိုင်းလမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၇ ယောက်သေပြီး ၃ ယောက် အရှင်ဖမ်းမိ…

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းလမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး ၃ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

လေးကေ့ကော်မြို့သစ် အနီးတဝိုက်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်နေ

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က Y12 လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေဖြူမြို့နယ်က ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၁၇ ဦး သေဆုံးဟုဆို

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁၇ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သိန်းခွန်းကျေးရွာအနီး စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်၊ စစ်တပ်က ၂ ဦးသေပြီး ၂ ဦးဒဏ်ရာရကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိိန်းခွန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၂ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ‎ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က မနေ့က ထုတ်ပြန်ပါတယ်။