ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA တော်လှန်ရေး ပူးပေါင်းတပ် တွေ ဒီနေ့ ဧပြီ ၂၅ ရက် မနက်ပိုင်းကစတင်ပြီး  တိုက်ပွဲပြန်လည်ဖြစ်ပွားလျက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

ဗန်းမော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်စခန်းတွေဖြစ်တဲ့ စကခ ၂၁ နဲ့ ၄၇ တပ်ရင်းတွေကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်း ကနေ ခုခံတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖားကန့်မြို့ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် ဧပြီ ၂၄ ရက်က တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပြီး ဖားကန့်လမ်းပိုင်းတွေကို ပိတ်ထားကြောင်း သိရပါတယ်။

Video-T Awng T Awng

0 Shares:
You May Also Like
Read More

ခမောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးအပါ မျက်မြင် ၈ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း အင်အား ၈၀ ခန့်ရှိတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီး အပါအဝင် ၈ ယောက် မျက်မြင်သေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၁ ဦး သေပြီး ဆိုင်ကယ် ၄ စီးနှင့် စကားပြောစက် ၁ လုံး သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ထဲရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Ayeyar NyiNaung စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း အောင်ပွဲရစစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့တဲ့ PDF ရဲဘော်တွေကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း အောင်ပွဲရစစ်ဆင်‌ရေးတွေ ဖော်ဆောင်ခဲ့တဲ့ BRIGHT STAR GROUP LOCAL DEFENSE FORCE ရဲဘော်တွေကို ဒေသခံပြည်သူများ က သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကစတင်ပြီး BRIGHT STAR GROUP LOCAL DEFENSE FORCE ရဲဘော်တွေဟာ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

Sky Villa အိမ်ရာနှင့် Great Wall Hotel မှာ ပိတ်မိနေတဲ့ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်သည် အပါအဝင် ၄ ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း တရုတ်သံရုံးထုတ်ပြန် (ရုပ်/သံ)

ဒီနေ့ မတ်လ ၃၁ ရက် မနက် ၅ နာရီခွဲဝန်းကျင်နဲ့ ၆ နာရီ မိနစ် ၂၀ တို့မှာ မန္တလေးမြို့ Sky Villa အိမ်ရာမှာ နာရီပေါင်း ၆၀ ကျော်ကြာ ပိတ်မိနေတဲ့ ကလေးငယ် ၁ ယောက်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်အပါအဝင် ၃ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
Read More

ငွေတွင်းပျူစခန်း ကင်း ၂ ခုကို တော်လှန်တပ်တွေ စီးနင်းတိုက်ခိုက်မှု ပျူစောထီး ၁ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူစခန်း ကင်း၂ ခုကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောီး ၁ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့တပ်မ ၁၀၁ ဌာနချုပ်မှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သား ၁ ယောက်ကို သွားရောက် ကယ်ထုတ် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့ တပ်မ ၁၀၁ ဌာနချုပ်မှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သား မျိုးမင်းအောင် ကို သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ Burma Revolution Rangers ထံက သိရပါတယ်။