မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ တပ်မ ၈၈ နဲ့ ပျူစောထီးပူးပေါင်းတပ်တွေက ကျေးရွာတွေကို ဝင်ရောက်စီးနင်းမီးရှို့ရင်း အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Yan Gyi Aung PDF ရဲ့တာဝန်ရှိသူ ကိုပြူးက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ဧပြီလ ၂၁ရက်နေ့ကစလို့ ညောင်ဦးမြို့နယ်် မြေသန့်တောင်ရွာနဲ့ ကြအိုရွာတွေထဲ တင့်ကားတွေ၊ ကားကြီးတွေနဲ့ ဝင်ရောက်လာပြီး ကျေးရွာအတွင်းက အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ကာ ဧပြီလ ၂၂ရက်နဲ့ ၂၃ရက်နေ့တွေမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကြအိုရွာက နေအိမ် ၁လုံးနဲ့ မြေသန့်တောင်ရွာက နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ကိုပြူးက ပြောပါတယ်။

“တပ်မ ၈၈က ကောင်တွေရယ်၊ ပျူတွေရယ် အင်အားက ၇၀လောက်ရှိမယ်။ တင့်ကား ၃စီး၊ ကားကြီး ၃စီးနဲ့လာတာ၊ ရွာထဲက မွေးထားတဲ့ နွားတွေဝက်တွေပါ မချန်ဘူး အကုန်ယူတယ်။ အိမ်ထောင်ရဲ့ ပရိဘောဂပစ္စည်းတွေရော ကားအပြည့်သယ်တယ်။ ဆိုင်ကယ်လည်း ၁၀စီးလောက် ပါသွားတယ်။ ဒီကောင်တွေနဲ့ တော်လှန်ရေးတပ်တွေ ပစ်ခတ်မှု ခဏဖြစ်သေးတယ်။” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Yan Gyi Aung PDF ရဲ့တာဝန်ရှိသူ ကိုပြူးက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ချောက်-ညောင်ဦးလမ်းပိုင်းက ဂန့်ဂေါရွာဘုန်းကြီးကျောင်းအတွင်းဝင်ရောက်တပ်စွဲရင်း ညတိုင်းလိုလို လက်နက်ငယ်တွေနဲ့ မူးရူးပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ကြောင်းနဲ့ ဧပြီလ ၂၃ရက်နေ့မှာတော့ ညောင်ဦးမြို့ပေါ်ကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရပါတယ်။

စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့်နေအိမ်များကို တွေ့ရစဥ်
စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့်နေအိမ်များကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဉ်းများ အားလုံး အမြန်ဆုံးလွှတ်ပေးရေး လွှတ်တော်ကိုယ်စားပြုကော်မတီများ တောင်းဆို

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ဒီနေ့မှာ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။
Read More

Myingyan Black Tiger – MBT ရဲ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်းအခြေစိုက် မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း (Myingyan Black Tiger - MBT) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ (၃) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတစ်ဝန်းက ရေဘေးသင့် ပြည်သူတွေကို PDF နဲ့ ပကဖရဲဘော်တွေ ကူညီကယ်ဆယ်ရေးပြုလုပ်

အကြမ်းဖက်စစ်တပ်အနေနဲ့ ရေဘေးဒဏ်သင့် ပြည်သူတွေဆီ ပို့ဆောင်မယ့် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို သိမ်းဆည်းခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ခြင်း စတဲ့ ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ PDF နဲ့ ပကဖရဲဘော်တွေရဲ့ ပုံရိပ်တွေကို ပြည်သူတွေ သိရှိစေဖို့ဆိုပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းထောင်ချိန် အမှားအယွင်း ဖြစ်ပြီး တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံး

"စလင်းမြို့နယ်အတွင်း ခဏခဏထိုးနေတဲ့ စစ်ကြောင်းကိုကာဖို့ အတွက် မိုင်း error တက်ပြီး ကျဆုံးသွားတယ်‌ဗျ၊ ရဲဘော် အောင်ဝမ်းတူးက ပွိုင့်တာဝန်ခံရာထူးကို ယူထားပြီး၊ သူ့ဘက် ပွိုင့်အတွက်ဆို ကျနော်တို့အနေနဲ့ လှည့်ကြည့်ဖို့ မလိုအောင်ကို အားကိုးရတယ်ဗျ၊ သူ့ကြောင့်ဘယ်‌တုန်းကမှလဲ စိတ်ညစ်၊စိတ်ရှုပ်ရတာမျိူးလဲမရှိခဲ့ဘူး‌" လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ဆရာဆရာမတချို့ PDF ထောက်ပံ့တယ်ဆိုပြီး စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ကျောင်းဆရာ ဦးကြည်ဝင်း အပါအဝင် ဆရာဆရာမတချို့ကို PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဟန်ချက်ညီ ထိုးစစ်ပြင်နေဟု NUG ပြော၊ PDF တပ်မတော် အဓိကကြုံတွေ့နေသည့် စိန်ခေါ်မှု (၇) ချက်ရှိဟု ဆို

တော်လှန်ရေးရဲ့ အရေးကြီး အလှည့်အပြောင်း ဖန်တီးနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ ဟန်ချက်ညီစစ်ဆင်ဖို့ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။