ခဲမဖြူပေါများတဲ့ ‘ဝ’ပြည်နယ်မှာ သတ္တုတူးဖော်ရေးတွေ ပြန်စတင်ဖို့ နီးကပ်လာတဲ့အလျောက် ‘ဝ’ပြည်နယ်အတွင်း သတ္တုတူးဖော်ခွင့်ထုတ်ပေးမှုနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ ခဲမဖြူအသင်း (ITA) က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။

သတ္တုတွင်းရင်းနှီးမြှုပ်နှံသူတွေနဲ့ သတ္တုတွင်းဗျူရိုခေါင်းဆောင်တွေ တက်ရောက်ကြပြီး Manxiang ဒေသမှာ သတ္တုတူးဖော်ဖို့နဲ့ သတ္တုစုဆောင်းရှာဖွေဖို့အတွက် ခွင့်ပြုမိန့်လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ ရှင်းလင်းပြောကြားခဲ့ကြောင်း ITA က ဆိုပါတယ်။

အစိုးရစရိတ်တွေလည်း မြင့်တက်သွားဖွယ်ရှိနေပြီး အနိမ့်ပိုင်းက မိုင်းတွင်းတွေနဲ့ အသေးစား-အလတ်စား သတ္တုရှာဖွေရေးလုပ်ငန်းတွေအတွက် ဖိအားဖြစ်နိုင်တာကြောင့် သူတို့အနေနဲ့ လုပ်ငန်းပြန်လည်စတင်ဖို့ ခက်ခဲနိုင်ကြောင်း ITA က ပြောပါတယ်။

မြန်မာ့ ခဲမဖြူတင်ပို့မှုရဲ့ ၇၀% ဟာ ‘ဝ’ပြည်နယ်မှာ ထုတ်လုပ်တာ ဖြစ်ပါတယ်။ မြန်မာပြည်ဟာ ကမ္ဘာ့တတိယအကြီးဆုံး ခဲမဖြူထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး တရုတ်ရဲ့ အကြီးမားဆုံး တင်သွင်းသူလည်း ဖြစ်ပါတယ်။

‘ဝ’ပြည်နယ် မန်းမော်သတ္တုတွင်းကို ၂၀၁၆ ခုနှစ်တွင် မြင်တွေ့ရစဉ် (ဓာတ်ပုံ Reuters)

ဒေသတွင်းမှာ ၂ နှစ်နီးပါး သတ္တုတူးဖော်မှု ပိတ်ပင်ထားခဲ့တဲ့အတွက် အစည်းအဝေးကြောင့် ကုန်သည်တွေအကြား မကြာခင် လုပ်ငန်းပြန်လည်စတင်နိုင်ဖို့ မျှော်လင့်နေကြတယ်လို့လည်း ဆိုပါတယ်။

‘ဝ’ပြည်နယ်ဟာ စစ်ကောင်စီထိန်းချုပ်တဲ့ နေရာအများစုနဲ့မတူဘဲ သီးခြားပြည်နယ်တစ်ခုအဖြစ် သူ့ရဲ့ ကိုယ်ပိုင်နိုင်ငံရေးစနစ်၊ စစ်ရေးနဲ့ စီးပွားရေးကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) က သယံဇာတ တူးဖော်မှုတွေကို ကာကွယ်ဖို့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ သူ့ထိန်းချုပ်နယ်မြေအတွင်းက သတ္တုလုပ်ငန်းအားလုံးကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

မူရင်းသတင်း – Myanmar discusses issuing mining permits

0 Shares:
You May Also Like
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး နှင့် Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee နဲ့ တောင်ကိုးရီးယားသမ္မတနိုင်ငံမှာ မေလ ၁၄ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာလူငယ်များကို ပံ့ပိုးကူညီရေး ကုလသမဂ္ဂ အစည်းအဝေးတွင် ဖင်လန်နိုင်ငံ အလေးပေးပြောဆို

မြန်မာပြည်ရဲ့ လူငယ်မျိုးဆက်သစ်တွေကို ပံ့ပိုးကူညီဖို့ ဖင်လန်အနေနဲ့ ကတိပြုကြောင်း ဖင်လန်ပညာရေးဝန်ကြီးက ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ပြောဆိုခဲ့တယ်လို့ ScandAsia သတင်းဌာနက အောက်တိုဘာလ ၁ ရက်မှာ သတင်းဖော်ပြထားပါတယ်။
Read More

တောင်ကိုရီးယား သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့ ဒရမ်အတူတီးခတ်ပြီး နှစ်နိုင်ငံရင်းနှီးမှုကို ပြသ (ရုပ်/သံ)

ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးတစ်ခုအပြီးမှာ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချိတို့ဟာ ဒရမ်အတူတီးခတ်ပြီး နှစ်နိုင်ငံရဲ့ ရင်းနှီးမှုကို ပြသခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး ဓာတ်ပုံရိုက်ခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ်အား အရပ်ဘက်အဖွဲ့များ ဝေဖန်

အကြမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေဆုံပြီး ဓာတ်ပုံရိုက်ခံခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရီဆာပါရန်နိုလာဇာဇိုကို အရပ်ဘက်အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံပြည်သူများကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံမှ မြန်မာအလုပ်သမား ၁၈ ဉီး အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှု ကူညီဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံက မြန်မာ အလုပ်သမား ၁၈ ယောက်က အကြောင်းမဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။