တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၆ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ၂၀ ရက် မနက်ပိုင်းမှာ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ မင်းသားကျေးရွာမှာ အခြေစိုက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၆ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက ရဲဘော် (၃) ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း စစ်ကြောင်း (၃) (KBDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း – ၁ ၊ မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့(NMSP-AD)၊ ထားဝယ်တပ်တော် DNLA ၊ KNU တပ်မဟာ (၆) KNLA တပ်ရင်း (၂၇) တို့‌ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ 96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

96 Soldiers PDF က တော်လှန်ရဲဘော်တွေအနေနဲ့ လုံခြုံရေးသတိ၊ အသိနဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နေပြီး ရှေ့တန်းစစ်မြေပြင်မှာ စဥ်ဆက်မပြတ် တာဝန်ထမ်းဆောင်နေတယ်လို့ 96 Soldiers PDF - တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့ ညပိုင်းမှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။ 
Read More

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်းနှင့် ဂတ်(စ်)ပိုက်လိုင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ၄ ဦး သေပြီး ဂတ်စ်ပိုက်လိုင်းစခန်းကို တော်လှန်ရေးတပ်များ ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ၉/အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်း နဲ့ ဂတ်(စ်)ပိုက်လိုင်းစောင့် စစ်အုပ်စုတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၄ယောက်သေဆုံးပြီး ဂတ်စ်ပိုက်လိုင်းစခန်းနဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရှော့တိုက်ဒုံးများ ပစ်ခတ်ခံရမှုကြောင့် ရေတာရှည်ရဲစခန်းနှင့် ကြံ့ခိုင်ရေးရုံး ထိခိုက်ပျက်စီး၊ လူ ၃၀ ထက်မနည်း ထိခိုက်သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့မရဲစခန်းအပါအဝင် စစ်အုပ်စု လက်ပါးစေရုံးတွေကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ အယောက်၃၀ထက်မနည်း ထိခိုက်သေဆုံးပြီး ရဲစခန်းနဲ့ ကြံ့ခိုင်ရေးရုံး ထိခိုက်ပျက်စီးသွားကြောင်း Black Leopard UG အဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန်တိုးမြှင့် ဆောင်ရွက်သွားမည်ဟု CNF ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦး (CNF) အနေနဲ့  ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မတ်လ ၂၀ ရက်မှာ ကျရောက်မယ့် ၃၇ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Read More

သီပေါနဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စစ်တပ်က ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာနှင့် ပုသိမ်ကြီးရှိ ကျေးရွာ ၃ ရွာမှ စစ်ကောင်စီတပ်စခန်းအားလုံးကို MDY-PDF နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်ကြီး ၁ ဦးအပါ ၁၆ ဦးအရှင်မိပြီး လက်နက်ခဲယမ်းအများအပြားနှင့် စစ်သားအလောင်း ၁၅ လောင်း သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။