မြန်မာပြည်အတွက် တရားမျှတရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို အစဉ်အမှတ်ရနေမှာဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ရိုမန်ကက်သလစ်အသင်းတော်ရဲ့ (၂၆၆) ပါးမြောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီ (၂၁) ရက်၊ သက်တော် (၈၈နှစ်)မှာ ပျံလွန်တော်မူသွားတဲ့အပေါ် ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်ဘာသာဝင်‌တွေနဲ့ ထပ်တူ ဝမ်းနည်းရတယ်လို့ IEC က ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ခရစ်ယာန်တွေအကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ရုံသာမက ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အရှင်သူမြတ်ြဖစ်ကာ အလေးအမြတ်ပြုတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်အတွင်း တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြည်သူတွေဘက်က ရပ်တည်ပြီး ပြောဆိုပေးခဲ့တဲ့အတွက်လည်း အမှတ်ရနေမယ်လို့ ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အရပ်သားအစိုးရလက်ထက်က မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း မြန်မာ့အရေးမှာ ငြိမ်းချမ်းဖို့ဆုတောင်းမှုတွေ ပြုလုပ်ပေးခဲ့သူ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး အရပ်သားအစိုးရလက်ထက် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်က (ဓာတ်ပုံ AFP/ EPA)

0 Shares:
You May Also Like
Read More

မြောက်ဦးဆေးရုံကို စစ်တပ် တိုက်ခိုက်မှုအပေါ် တုန်လှုပ်ခြောက်ခြားမိကြောင်း WHO အကြီးအကဲ ပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်မှုဖြစ်ပြီး လူပေါင်းများစွာရဲ့ ကျန်းမာရေးစောင့်ရှောက်ခံယူမှုအပေါ် ကြီးကြီးမားမား နှောင့်ယှက်ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရော့စ် (Tedros) က ပြောကြားလိုက်ပါတယ်။
Read More

အီရန်ကို ဗုံးကြဲသည့် စစ်ဆင်ရေး ထရမ့်ကိုယ်တိုင် စောင့်ကြည့်ကွပ်ကဲမှု ပုံရိပ်များ အိမ်ဖြူတော် ထုတ်ပြန်

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။
Read More

ကျဆုံး ကျောင်းသားရဲဘော်များအား Daly City ကျောင်းသားသမဂ္ဂမှ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Daly City မှာ Daly City ကျောင်းသားသမဂ္ဂက ဇူလိုင် ၂၇ ရက်မှာ ပြုလုပ်တဲ့ လူထုရံပုံငွေစျေးရောင်းပွဲမှာ ပါဝင်ခဲ့ပြီး ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းများမှ ကယ်ထုတ်လာသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ထဲက ပထမအသုတ် ၅၀ ကို ထိုင်းမှတဆင့် တရုတ်ထံ လွှဲပြောင်း

ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား (၂၀၀) ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကတဆင့် တရုတ်နိုင်ငံကို စတင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
Read More

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများနှင့် NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းဦး ဦးဆောင်တဲ့အဖွဲ့က ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးတွင် မြန်မာ့အရေး တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်မှု ဆန့်ကျင်ကြောင်း ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့မှာ တရုတ်အစိုးရက စစ်ကောင်စီဘက်က ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတာတွေကို ရပ်တန့်ဖို့ ဇွန်လ ၆ ရက် မနေ့ကညနေပိုင်းမှာ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။