ထိုင်းနိုင်ငံ၊ ပါကျင်ပူရီခရိုင်ရှိ ကော်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ယောက် အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး တိုင်ကြားလာတဲ့အပေါ် လိုက်ပါကူညီဖြေရှင်းဆောင်ရွက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပါကျင်ပူရီခရိုင်ရှိ ကော်ပစ္စည်းထုတ်လုပ်သည့်စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ယောက်ဟာ အကြောင်းမဲ့အလုပ်ထုတ်ခံရမှုနဲ့ သက်တမ်းတိုး ထားတဲ့ နာမည်စာရင်းတွေ သိမ်းဆည်းထားမှုတို့ကြောင့် အလုပ်သမားတွေက NUG ဝန်ကြီးဌာနကို ဆက်သွယ်တိုင်ကြား အကူအညီတောင်းခံလာတယ်လို့ သိရပါတယ်။

NUG အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေက ပါကျင်ပူရီခရိုင်၊ ဆာဝါဒီကန်ရုံးမှာ အမှုဖွင့်တိုင်ကြားပေးခဲ့ရာ စက်ရုံကတာဝန်ရှိသူတွေ လာရောက်ပြီး အလုပ်ပြန်ခန့်မယ့်အကြောင်း ဆာဝါဒီကန်ရုံးမှာ သဘောတူလက်မှတ်ရေးထိုးဖို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့ပဋိပက္ခတွင် အပစ်အခတ်ရပ်စဲပြီး စစ်ဒဏ်သင့်ဒေသများတွင် ငြိမ်းချမ်းရေးရရန် ပုပ်ရဟန်းမင်းကြီး တောင်းဆို

အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ မြန်မာပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အပစ်အခတ်ရပ်စဲသွားပြီး ကမ္ဘာပေါ်က စစ်ဒဏ်သင့်နေရာတွေမှာ ငြိမ်းချမ်းရေးရရှိဖို့ ပုပ်ရဟန်းမင်းကြီးက အောက်တိုဘာလ ၁၉ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း Vatican News မှာ ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီထံ စီးဝင်မယ့် လက်နက် ၃ ပုံ ၁ ပုံကို နိုင်ငံတကာငွေကြေးလမ်းကြောင်းကတဆင့် ဖြတ်တောက်နိုင်ခဲ့လို့ မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ မည်မျှအရေးကြီးကြောင်း ကုလအထူးကိုယ်စားလှယ် ထောက်ပြပြောဆို

စစ်အုပ်စုရဲ့ ၂၀၂၁ အကြမ်းဖက်အာဏာသိမ်းအပြီး မြန်မာနိုင်ငံအတွင်း ပြည်သူ ၆,၈၀၀ ကျော် အသတ်ခံခဲ့ရပြီး ၂၂,၀၀၀ ကျော် အကျဉ်းချခံနေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဇွန်လ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
Read More

လူငယ်၄သန်းနီးပါး အလုပ်လက်မဲ့ ဖြစ်နေသည့် မြန်မာတွင် အလုပ်အကိုင်အခွင့်အရေးဆုံးရှုံးနေသည့် အမျိုးသမီးအရေအတွက် အမျိုးသားများထက် ၂ဆ ကျော်ပိုများလာကြောင်း UNDP ထုတ်ပြန်…

မြန်မာနိုင်ငံက လူငယ် ၄သန်းနီးပါးဟာ အလုပ်လက်မဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပြီး အဆိုးဆုံးအနေနဲ့ အမျိုးသမီးတွေဟာ အလုပ်အကိုင်စျေးကွက်တွေကနေ အမျိုးသားတွေထက် နှစ်ဆကျော်နူန်းနဲ့ ဖယ်ကျဥ်ခံထားရတယ်လို့ UNDP Myanmar (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) ရဲ့အစီအရင်ခံစာအရသိရပါတယ်။
Read More

တရုတ်ကို မြေရှားပြန်ပို့ဖို့ KIA ခွင့်ပြု

ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုဇုံတွေထဲကတခုကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) အနေနဲ့ တရုတ်နိုင်ငံကို မြေရှားသတ္တု ပြန်တင်ပို့ခွင့်ပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက သတင်းအရင်းအမြစ်နှစ်ခုနဲ့ ၎င်းမြင်တွေ့ခဲ့ရတဲ့ ထုတ်ပြန်ချက်တစောင်ကို ကိုးကားပြီး မတ်လ ၂၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။ 
Read More

ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲကြား မြန်မာနိုင်ငံသားများ ဘေးကင်းလုံခြုံရေး အကြံပြုချက် NUG ထုတ်ပြန်

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ပြဿနာကနေ ပစ်ခတ်မှုတွေအထိ ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံ စစ်ရေးအခြေအနေတင်းမာမှုတွေကြား နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဘေးကင်းလုံခြုံစေဖို့အတွက် သတိပြုလိုက်နာရမယ့် အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပါတယ်။
Read More

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက် ရှုတ်ချ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပါ်လျက်ရှိနေပါတယ်။