ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် တပ်ရင်း ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၄ ရက် ဒီနေ့ မနက်အစောပိုင်း အများပြည်သူ အိပ်မောကျနေချိန်မှာ ညောင်ခြေထောက်ရှိ စစ်ကောင်စီတပ်နဲ့ ခလရ ၇၃ တို့က လက်နက်ကြီးတွေ ပစ်ခတ်ရာ ထန်းတပင်မြို့နယ် သောင်ပုချောင်ကျေးရွာကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သောင်ပုချောင်ကျေးရွာက အသက် ၇၀ ကျော် အမျိုးသမီးတစ်ယောက် သေဆုံးပြီး အသက် ၅၀ ခန့် အမျိုးသားတစ်ယောက် ငယ်ပါထိ (စိုးရိမ်ရ) ဒဏ်ရာ၊ အသက် ၅၀ ခန့်အမျိုးသမီးတစ်ယောက်ကတော့ နောက်ကျော ‌‌ခါး‌အထက်မကနေ ဝမ်းဗိုက်အတွင်း အစဖောက်ဝင် (စိုးရိမ်ရ) ဒဏ်ရာ၊ အသက် ၈ နှစ်အရွယ် ကလေးငယ်က တင်ပါးနဲ့ ပေါင်ထိ (စိုးရိမ်ရ) ဒဏ်ရာ ၊ အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက် မျက်နှာထိ (မစိုးရိမ်ရ) ဒဏ်ရာ စသဖြင့် ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမဖြစ်ပွားဘဲ ပြည်သူတွေရှိရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ရက်စက်ယုတ်မာမှုအတွက် တန်ပြန်ပေးဆပ်ရမှာဖြစ်တယ်လို့ တောင်ငူခရိုင် တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အိမ်ထဲရောက်နေတဲ့ သူခိုးက ဓားနဲ့ထိုးလို့ အိမ်ရှင်အမျိုးသား ပွဲချင်းပြီး သေဆုံး…

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် သုခဒဂုံအိမ်ရာမှာ သူခိုးကို ဖမ်းဆီးဖို့ကြိုးစားရာမှ အိမ်ရှင်လင်မယား ဓားထိုးခံရပြီး အမျိုးသားဖြစ်သူ ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးဖြစ်သူ ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေနဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
Read More

စစ်ကြောရေးမှ ပေးသည့် ဒဏ်ရာများကို ခံစားရင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင် အင်းစိန်ထောင်တွင်း ကျဆုံး

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးအကျဥ်းချထားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ အင်းစိန်ထောင်အတွင်း ကျဆုံးသွားခဲ့ပါပြီ။
Read More

ငလျင်အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရင် စစ်ကောင်စီရဲ့ ခွင့်ပြုချက်လိုအပ်ဟု စိုးဝင်း ပြော

ငလျင်အတွက် ကယ်ဆယ်ရေးအဖွဲ့တွေအားလုံး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရမှာသာ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ယခုနှစ် ၉ လအတွင်း အကြမ်းဖက်စစ်တပ်မှအလင်းဝင်သူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်း ၂၀၀၀ ကျော်ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

တနင်္သာရီမှာ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ယောက်ထက်မနည်း သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်အကျဉ်းသား (၁၁၀) ဦးကို NUG လွတ်ငြိမ်းသက်သာခွင့်ပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ဒီကနေ့ ဇန်နဝါရီလ (၁) ရက်နေ့မှာ ကျရောက်တဲ့ နှစ်သစ်ကူးအခါသမယ အထိန်းအမှတ်အနေနဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၁၀ ယောက်ကို  ခြွင်းချက်မရှိ လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်တယ်လို့အသိပေးထုတ်ပြန်လာပါတယ်။