မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးလာကြဲတဲ့ စက်တပ်လေထီးယာဉ် ၁ စီးကို သိမ်းဆည်းရရှိခဲ့တဲ့ ရုပ်သံဖိုင်ကို Pakokku People Defense Force က ထုတ်ပြန်လိုက်ပါတယ်။

ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ကနေ စက်တပ်လေထီး ၃ စီး ပျံတက်လာရာမှာ ၁ စီးဟာ စက်ချို့ယွင်းမှုဖြစ်ပွားပြီး အရေးပေါ်ဆင်းသက်ခဲ့ရတာပါ။ တော်လှန်ရေးရဲဘော်တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး သွားရောက်သိမ်းဆည်းခဲ့ရာ စက်တပ်လေထီးမောင်းသူကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိတဲ့ စက်တပ်လေထီးကို ယူဆောင်ဖို့ လုပ်ဆောင်စဉ် အကြမ်းဖက်စစ်ကောင်စီတပ် သားတွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် နေရာမှာပဲ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ရေးလှုပ်ရှားမှုကို  Pakokku People Defense Force (PPDF) နဲ့ Burma Revolution Rangers ( BRR ) တို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ရေဖြူမြို့ရဲစခန်းနှင့် ခလရ ၁၀၄ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ရေဖြူမြို့ရဲစခန်းနဲ့ ခလရ ၁၀၄ တပ်ရင်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို မုံရွာ-အရာတော်လမ်းပိုင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်း တစ်လျှောက် ဇန်နဝါရီ ၅ ရက်ကနေ ၁၈ ရက်အထိ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ပြုတ်ပျူစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်အုပ်စု ၁၀ ဦးခန့်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ပျူစခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ် သား အများအပြားသေဆုံးခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ စက်သုံးဆီဆိုင်ပိုင်ရှင် ၅ ရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် မြို့ပတ်လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းထောင့်က စားသောက်ဆိုင်အနီးမှာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက စတားပါဝါစက်သုံးဆီဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဖလမ်းမြို့အနီးတိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား ၅ ဦး သေဆုံးပြီး ၂ ဦး ဖမ်းဆီးမိ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့အနီး ခွန်လီကျေးရွာတိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား ၅ ယောက် သေဆုံးပြီး ၂ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ ချင်းပြည်နယ်စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်ရှိ ဒီပဲယင်းရဲစခန်းနဲ့ ဒီပဲယင်းအထကကျောင်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၅ ရက် က တော်လှန်ရေးတပ်တွေ ဝင်ရောက်စီး နင်းတိုက်ခိုက်ခဲ့တယ်လို့ ရေဦးပကဖ ထံက သိရပါတယ်။