စစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို အကြီးတန်းအရာရှိ Sean O’Neill က ပြောကြားလိုက်ပါတယ်။

ဧပြီ ၂၂ ရက်နေ့က ကျင်းပတဲ့ ၃၇ ကြိမ်မြောက် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲအတွင်း အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို အကြီးတန်းအရာရှိက စစ်ကောင်စီကို တိုက်တွန်း ပြောဆိုလိုက်တာပါ။

ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ လူသားချင်း စာနာမှုအကူအညီတွေကို အဟန့်အတားမရှိ ခွင့်ပြုပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နဲ့အညီ မြန်မာနိုင်ငံအနေနဲ့ မှန်ကန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ အာဆီယံနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းပြောဆိုပါတယ်။

အင်အားပြင်း ငလျင်ကြောင့် အသက်ဆုံးရှုံးရမှုနဲ့ ပျက်စီးမှုတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ပြည်လည်ထူထောင်ရေးကာလအတွင်း အမေရိကန်က လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ဆက်လက်ပေးအပ်သွားမယ့်အကြောင်းလည်း ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ အာဏာသိမ်း ၄ နှစ်အတွင်း အကြမ်းဖက်မှုတွေ မကြုံစဖူး အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ ကုလပြော၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ EU တောင်းဆို

“လွန်ခဲ့တဲ့ လေးနှစ်အတွင်း စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁,၁၄၄ ဦးနဲ့ ကလေး ၇၀၉ ဦး အပါအ၀င် အရပ်သား အနည်းဆုံး ၆,၂၃၁ ဦး သေဆုံးခဲ့တယ်”
Read More

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို အာဆီယံနှင့် အာရှအင်အားကြီးနိုင်ငံများ ကန့်ကွက်ဖို့ HRW အဖွဲ့ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့်  ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေနဲ့ အာရှအင်အားကြီး နိုင်ငံတွေအနေနဲ့ လုံး၀ ကန့်ကွက်သင့်တယ်လို့  လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ 
Read More

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ သန်းတစ်ထောင်နီးပါး ကုလ အကူအညီတောင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခွဲနဲ့ သူတို့အိမ်ရှင်တွေအတွက် အခုနှစ်အတွင်း ကယ်ဆယ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တောင်းခံထားကြောင်း ကုလသမဂ္ဂက မတ်လ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။ 
Read More

မြန်မာပွဲစားအချင်းချင်း မတည့်လို့ တိုင်တန်းမှုကြောင့် ပန်း‌ရောင်ကတ်လုပ်ရန် စောင့်ဆိုင်းနေသည့် မြန်မာ ၁၃၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွတ်ခရိုင်၊ မဟာချိုင်နယ်မြေ လူနေတိုက်တန်းလျားတစ်ခုမှာ ပန်းရောင်ကတ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာ ၁၃၁ ယောက်ကို တိုင်တန်းမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက မနေ့က အောက်တိုဘာ ၁၆ရက် ညနေပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံပြည်သူများကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက အသိပေးထုတ်ပြန်ပါတယ်။ 
Read More

စစ်တပ်၏ ပြောင်းလဲမှုများက စစ်မှန်သည့် အပြောင်းအလဲ မဟုတ်ဘူး ဟု International IDEA ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စကစ) ကို ဖျက်သိမ်းပြီး စစ်ကော်မရှင်လို့ ဆိုနိုင်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (SSPC) ကို မြန်မာနိုင်ငံရဲ့ ကြားကာလအစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းလိုက်တာဟာ စစ်မှန်တဲ့ ပြောင်းလဲမှု မဟုတ်ကြောင်းနဲ့ လွန်စွာစိုးရိမ်ကြောင်း International IDEA က သဘောထားထုတ်ပြန်လာပါတယ်။