ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း (၆၁) နှစ်ပြည့် အခမ်းအနားကို ဧပြီလ (၂၄) ရက် ဒီနေ့ မနက်ပိုင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီး စေထင် ဦးဆောင်တဲ့ ဗဟိုကော်မတီဝင်တွေ ၊ တပ်ဖက် ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ ဌာနတွေက အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ စုစုပေါင်း (၇၀၀၀) ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီးစေထင်က အခမ်းအနားအဖွင့် အမှာစကားပြောကြားကာ ရှမ်းပြည်တပ်မတော် (SSA) ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ရှမ်းပြည်တပ်မတော် (SSA) (၆၁) နှစ်ပြည့် အခမ်းအနားအတွက် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေး တပ်မတော်(PNLO/PNLA) ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ (SSPP/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖတို့က ပေးပို့လာတဲ့ ဂုဏ်ပြု သဝဏ်လွှာတွေ ဖတ်ကြားခဲ့ပြီး ရှမ်းပြည်တပ်မတော် (SSA) မှာ ငွေရတု ရွှေရတု ဆုချီးမြှင့်ဖို့ ထိုက်တန်သူအချို့ကို ဆုချီးမြှင့်ပေးခဲ့ပြီးနောက် စစ်ကြောင်း(၁၇) ကြောင်း စစ်အင်အား (၃၀၀၀) ကျော်ခန့်က စစ်ရေးပြအခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ညောင်ရွှေ စော်ဘွား စဝ်ရွှေသိုက်ရဲ့ မဟာဒေဝီ ဖြစ်သူ စဝ်နန်းဟိန်းခမ်းဟာ ရှမ်းပြည်မှာ ပြန့်ကျဲနေတဲ့ ရှမ်းပြည်လွတ်မြောက်ရေးတပ်ဖွဲ့ (SSIA) ၊ ရှမ်းအမျိုးသား စည်းလုံးညီညွတ်ရေး တပ်ဖွဲ့ (SNUF) ၊ စဝ်လတ်(ၸဝ်ႈလႅတ်ႇ) ဦးဆောင်တဲ့ ကိုကန့်တပ်ဖွဲ့တွေကို ဖျက်သိမ်း စုစည်းခဲ့ပြီး ၁၉၆၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်မှာ ရှမ်းပြည်တပ်မတော် (SSA) ကို စတင် ထူထောင်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်နှင့် မန္တလေးတွင် စစ်မှုထမ်း အပတ်စဥ် (၁၇) အတွက် အင်အားစုဆောင်းမှုများ ခပ်စိပ်စိပ်ရှိလာ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအပတ်စဥ် (၁၆) အပြီး အပတ်စဥ် (၁၇) အတွက် လူအင်အားစုဆောင်းတာတွေကို ဆိုးဆိုးရွားရွား ပြန်လည်လုပ်ဆောင်လာနေကြောင်း ဒေသခံစောင့်ကြည့်လေ့လာရေး အဖွဲ့တွေဆီကတဆင့် သိရပါတယ်။
Read More

ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ထိုင်းနှင့်ပေါင်းပြီး နှိမ်နင်းမည်ဟု အဆိုပါ ကျားဖြန့်များရဲ့ မြေရှင် စောချစ်သူ ကတိပေး

ထိုင်း-မြန်မာနယ်စပ်က ငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းရာမှာ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီမဟာမိတ် ကရင်နယ်ခြားစောင့်ခေါင်းဆောင် စောချစ်သူက ကတိပေးလိုက်ပါတယ်။
Read More

စစ်ကိုင်းတွင် စစ်ရေးကြောင့် ပိတ်မိနေသည့်နေရာကို စစ်အုပ်စု ဗုံးကြဲ၊ ပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းကြောင့် ပိတ်မိနေတဲ့ စစ်ကိုင်း-ကျောက်မြောင်း လမ်းပိုင်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက မောင်းကို ပြောပါတယ်။
Read More

နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်မည်ဟု NUG အသိပေး

ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်တပ်သမိုင်းမှာ နာမည်အပျက်ဆုံး ဖြစ်နေသူ မင်းအောင်လှိုင်က သူ့လူများကို စစ်တပ်အတွက် နာမည်ကောင်းကျန်အောင် လုပ်ဆောင်ရန် ညွှန်ကြား …

“ကာကွယ်ရေးစွမ်းပကား တိုးတက်စေရေး ဆောင်ရွက်သွားဖို့အပါအဝင် မိမိကိုယ်ကိုကောင်းအောင် ထိန်းသိမ်းဆောင်ရွက်ကာ နိုင်ငံတော်နဲ့ စစ်တပ်ကို ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားခြင်းဖြင့် စစ်တပ်ကို နာမည်ကောင်းကျန်အောင် လုပ်ဆောင်ရမယ်” လို့ တစ်နိုင်ငံလုံးလှည့်ပတ်ဗုံးကြဲပြီး ပြည်သူကို အကြမ်းဖက်နေနေတဲ့ မင်းအောင်လှိုင်က ခပ်တည်တည်တဲ့ ပြောဆိုသွားခဲ့တာပါ။
Read More

တပ်နှင့်ကင်းကွာနေသူများ၊ ခွင့်ယူနေသူများ၊တပ်ပြေးများ ပြန်လာကြရန်နှင့် ပြန်မလာပါက အရေးယူသွားရန်ရှိကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း (၃) ပြောကြား

တော်လှန်ရေးကာလ အရေးကြီးချိန်ဖြစ်တာကြောင့်အကြောင်းအမျိုးမျိုးနဲ့ တပ်နဲ့ကင်းကွာနေသူတွေ၊ ခွင့်ယူနေသူတွေနဲ့ တပ်ပြေးရဲဘော်တွေအနေနဲ့ မိခင်တပ်ရင်းထံ ပြန်လာပြီး တာဝန်ထမ်းဆောင်ကြဖို့နဲ့ သတ်မှတ်ရက်အတွင်း ပြန်မရောက်ရင် ဖမ်းဆီးအရေးယူခံရနိုင်ချေရှိကြောင်း စစ်ကိုင်းခရိုင် အမှတ် -၃ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။