မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပခုက္ကူ တပ်မ ၁၀၁ နဲ့ ရေစကြိုတပ်ရင်း စစ်အုပ်စုတွေက မြို့တောင်ပိုင်းကျေးရွာတွေကို ကုန်းကြောင်း လေ​ကြောင်းတွေနဲ့ စစ်​ကြောင်းထိုးဝင်ရောက်ရင်း ဗလဘရွာကိုလည်း ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဧပြီလ ၂၀ရက်နေ့ကစလို့ ပခုက္ကူ တပ်မ ၁၀၁၊ ရေစကြို တပ်ရင်း ၂၅၆/၇/၈ တို့က အင်အား ၁၅၀ပါ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေဟာ ရေစကြိုမြို့နယ်တောင်ပိုင်း၊ ကြူရွာနဲ့ ဆင်ကြို့ရွာတွေထဲ ဝင်​​ရောက်တပ်စွဲရင်း အရပ်သားတွေကို ဖမ်းဆီးတာ၊ ပစ္စည်းဥစ္စာခိုးယူတာတွေအပြင် အနီးဝန်းကျင်ရွာတွေဆီ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုတွေက ဧပြီလ ၂၁ ရက်နေ့မှာ ဗလဘ ရွာကို လက်နက်ကြီးပစ်ခတ်ဝင်ရောက်ရင်း စစ်ရှောင်နေကြတဲ့ အရပ်သားတွေရဲ့ ပစ္စည်းဥစ္စာတွေကို စိတ်တိုင်းကျ လုယက် ယူဆောင်ခဲ့ပြီး နေအိမ်တွေကိုလည်း၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီက ဧပြီလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာလည်း ဇီးပင်ကုန်းရွာနဲ့ အလယ်သောင်ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ Yesagyo Township Info Committee တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၂၃ ရက်နေ့ ညပိုင်းမှာလည်း စစ်ကောင်စီက ဇီးပင်ကုန်းရွာအရှေ့ဘက်နဲ့ ဆင်မရဲရွာတောင်ဘက်တို့ကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက် လုပ်ဆောင်ခဲ့ရာ ဆင်မရဲကျေးရွာနေ အသက် ၆၈နှစ်အရွယ် အမျိုးသမီးကြီး ၁ယောက် ဦး‌ခေါင်းထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ပြည်သူတွေတော့ ကမ္ဘာပျက်နေသလိုပါပဲ၊ ရာသီဥတုပူပူနဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေခမျာ အတော်သနားစရာကောင်းပါတယ်၊ သက်သက်ကို စခတွေက စစ်ကြောင်းထိုးပြီး ဒုက္ခပေးနေတာ” လို့ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းကြောင့် ရေစကြိုမြို့နယ်အတွင်းက ကြူ၊ ဆင်ကြို့၊ ရွာသစ်၊ ညောင်ပင်၊ ကျော်ထင်ကုန်း၊ မထီး၊ အင်းမ၊ ငါးမြာလေး၊ လေးရာပြည့်၊ ဆင်မရဲ၊  ငါးဖယ်၊ ဟင်္သာ၊ အလယ်သောင်၊ အလယ်ကျောနဲ့ ဇီးပင်ကုန်းရွာတွေက အရပ်သား ၆ထောင် နီးပါးဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုများ မီးရှို့ဖျက်ဆီးခဲ့သည့် ဗလဘရွာက နေအိမ်များကို တွေ့ရစဥ် (ဓာတ်ပုံ Yesagyo Township Info Committee)

0 Shares:
You May Also Like
Read More

NUG ကာကွယ်ရေးဝန်ကြီး တက်ရောက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၏ ၂၀၂၅ နှစ်သစ်ကူး အားကစားပြိုင်ပွဲများ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသရဲ့ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအထိမ်းအမှတ် အားကစားပြိုင်ပွဲတွေကို ဇန်နဝါရီလ ၁ ရက်က ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးအပေါ် သစ္စာဖောက် ထွက်ပြေးသွားသူနှင့် နာမည်တူ အထင်မြင်လွဲမှားခံ​နေရမှုအပေါ် Snipe Rangers Force တာဝန်ခံ ပြန်လည် ဖြေရှင်း

တော်လှန်ရေးကို သစ္စာဖောက်ပြီး ထွက်ပြေးသွားတဲ့ PDF တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်နဲ့ နာမည်တူနေတဲ့အပေါ် ပြည်သူတွေအထင်မလွဲဖို့ လုပ်ဆောင်နေရကြောင်း Snipe Rangers Force (Local-PDF) တာဝန်ခံ ဆလိုင်းထက်ပိုင်ဖြိုး(ခ) ရဲဘော်ဆလိုင်းက မောင်းကို ပြောပါတယ်။
Read More

ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက်စစ်တပ် Y 12 လေယာဥ်၊ အသေခံဒရုန်းများနှင့် အကြောင်းမဲ့ တိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက် စစ်ကောင်မရှင်က Y 12 လေယာဥ်၊ ကာမီကာဇေဒရုန်းတွေကို အသုံးပြုပြီး အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထီးထဗျူဟာစခန်း စခန်းသိမ်းအောင်ပွဲအကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကမ္မမြို့ကို စစ်တပ်က အလုံးအရင်းနဲ့ စစ်ကြောင်းဝင်နေလို့ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။