ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အယောင်ဆောင်ကာ ငွေကြေးခြိမ်းခြောက်တောင်းခံမှုတွေ ရှိနေကြောင်း မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မင်းလှမြို့နယ်အတွင်း စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် တခြားသော PDF တွေအနေနဲ့ အခုလို ငွေကြေးတောင်းခံမှုတွေ လုံးဝတောင်းခံခြင်းမရှိကြောင်း ထုတ်ပြန်ချက်မှာ အသိပေးဖော်ပြထားပါတယ်။

“အယောင်ဆောင်အဖွဲ့တွေက လုပ်ငန်းရှင်တွေကို ကျနော်တို့အဖွဲ့နာမည်သုံးပြီး ငွေလိမ်တောင်းနေတာတွေ ရှိနေတယ်။ ကျနော်တို့ အဖွဲ့ လုံးဝမဟုတ်ပါဘူး။ အရင်ကလည်း မတောင်းခဲ့ဖူးသလို နောက်လည်း တောင်းမှာ မဟုတ်ဘူး။ ဒါတွေကို ပြည်သူတွေကို သိစေချင်တာပါ” လို့ မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် မိုးထက်က မောင်းကို ပြောပါတယ်။

မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နစ်နာအောင် ပြုလုပ်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ အမည်ခံကာ ခြိမ်းခြောက် ငွေတောင်းနေသူတွေကို ထိရောက်စွာ အရေးယူ အပြစ်ပေးသွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ပုဒ်မ ၅၀ (ဂ)၊ ၅၀ (ည) တို့ နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲအသစ်တွေ ဆက်လက်ဖော်ဆောင်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချဖို့ MDY-PDF တပ်သားသစ်တွေခေါ်ယူနေ

မန္တလေးဒေသမှာ နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MDY-PDF က တပ်သားအသစ်တွေ လက်ခံခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာ ၂၂ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန PDF တပ်ရင်း (၈၀၈) မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် (၈၀၈) က မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနယ်စပ်နှင့် ၁ ကီလိုမီတာခန့်သာ အကွာအဝေးရှိ စစ်ကောင်စီ၏ မယ်လတပ်စခန်းကို KNU ဦးဆောင်သည့် တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

ထိုင်းနယ်စပ်အနီးက ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ အကြမ်းစစ်ကောင်စီတပ်ရဲ့ မယ်လတပ်စခန်းကို မေလ ၁၆ ရက် ဒီနေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA နဲ့ ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တိုက်ပွဲရှောင်ပြည်သူများကို နေပြည်တော် PDF လူသားချင်းစာနာမှု အကူအညီများ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနက တိုက်ပွဲရှောင်ပြည်သူတွေဆီ သွားရောက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၄၀) နီးပါး ရေနစ်မြုပ်ခဲ့၊ လေပြင်းမုန်တိုင်းကြောင့် နေအိမ် (၁၁) လုံး ပျက်စီး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၄၀ နီးပါး ရေနစ်မြုပ်ခဲ့ရပြီး ကျောင်းတွေ ယာယီပိတ်ထားရသလို လေပြင်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၁၁) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။