ထိုင်းနိုင်ငံ၊ ပါကျင်ပူရီခရိုင်ရှိ ကော်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ယောက် အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး တိုင်ကြားလာတဲ့အပေါ် လိုက်ပါကူညီဖြေရှင်းဆောင်ရွက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပါကျင်ပူရီခရိုင်ရှိ ကော်ပစ္စည်းထုတ်လုပ်သည့်စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ယောက်ဟာ အကြောင်းမဲ့အလုပ်ထုတ်ခံရမှုနဲ့ သက်တမ်းတိုး ထားတဲ့ နာမည်စာရင်းတွေ သိမ်းဆည်းထားမှုတို့ကြောင့် အလုပ်သမားတွေက NUG ဝန်ကြီးဌာနကို ဆက်သွယ်တိုင်ကြား အကူအညီတောင်းခံလာတယ်လို့ သိရပါတယ်။

NUG အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေက ပါကျင်ပူရီခရိုင်၊ ဆာဝါဒီကန်ရုံးမှာ အမှုဖွင့်တိုင်ကြားပေးခဲ့ရာ စက်ရုံကတာဝန်ရှိသူတွေ လာရောက်ပြီး အလုပ်ပြန်ခန့်မယ့်အကြောင်း ဆာဝါဒီကန်ရုံးမှာ သဘောတူလက်မှတ်ရေးထိုးဖို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာအချင်းချင်း ကလဲ့စားချေဖို့ဆိုပြီး လက်နက်စုဆောင်းသူနဲ့ သယ်ယူပေးသူကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာအချင်းချင်းကလဲ့စားချေဖို့အတွက် လက်နက်စုဆောင်းနေတုန်းမှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်မြို့ခံတွေဆီက သိရပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၄၀၀၀ လောက်ကို သက်ဆိုင်ရာနိုင်ငံများထံ ဆက်လက်လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေဟု BGF ပြော

ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ၃၀၀၀ လောက်ကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးထံ ပြန်လည် လွှဲပြောင်းပို့ဆောင်ပြီးပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် BGF က ပြောပါတယ်။
Read More

ကန်ချနဘူရီမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ ဦး ထပ်မံ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ၊ စံခလဘူရီမှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား အယောက် ၇၀ ကို အာဏာပိုင်တွေက ထပ်မံဖမ်းဆီးလိုက်ပါတယ်။ 
Read More

ဂျပန်နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အကြိုနှင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲ (ဓာတ်ပုံသတင်း)

မတရားဖမ်းဆီး အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အကြိုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေး၊ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကို ဂျပန်နိုင်ငံ၊ Shizuokaခရိုင်၊ Gotenba မြို့က ငြိမ်းချမ်းရေးစေတီမှာ ကျင်းပခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကုလ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးမှာ တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စ တိုးမြှင့်လုပ်ဆောင်ရေးအတွက် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရာ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ပါဝင်ဆွေးနွေးခဲ့

၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးမှာ တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စ တိုးမြှင့်လုပ်ဆောင်ရေးတို့အတွက် စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၅ ရက် အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ ဂမ်ဘီယာတရားရေးဝန်ကြီး၊ အမေရိကန် Global Criminal Justice ကမ္ဘာလုံးဆိုင်ရာသံအမတ်ကြီးနဲ့ IIMM အကြီးအကဲတို့ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

Mytel ရဲ့ အက်ပလီကေးရှင်းနဲ့ ဆိုရှယ်ပလက်ဖောင်း အသီးသီးမှာ လည်ပတ်နေတာတွေကို ဖြုတ်ချပေးဖို့ Burma Campaign UK က တောင်းဆို

မြန်မာစစ်တပ်ပိုင် Mytel  ရဲ့ အက်ပလီကေးရှင်းနဲ့ ဆိုရှယ်ပလက်ဖောင်းအသီးသီးက လည်ပတ်နေတဲ့ ချန်နယ်တွေကို ဖြုတ်ချပေးဖို့ Burma Campaign UK အမေရိကန်နည်းပညာ ကုမ္ပဏီတွေကို  တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။