ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် တပ်ရင်း ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၄ ရက် ဒီနေ့ မနက်အစောပိုင်း အများပြည်သူ အိပ်မောကျနေချိန်မှာ ညောင်ခြေထောက်ရှိ စစ်ကောင်စီတပ်နဲ့ ခလရ ၇၃ တို့က လက်နက်ကြီးတွေ ပစ်ခတ်ရာ ထန်းတပင်မြို့နယ် သောင်ပုချောင်ကျေးရွာကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သောင်ပုချောင်ကျေးရွာက အသက် ၇၀ ကျော် အမျိုးသမီးတစ်ယောက် သေဆုံးပြီး အသက် ၅၀ ခန့် အမျိုးသားတစ်ယောက် ငယ်ပါထိ (စိုးရိမ်ရ) ဒဏ်ရာ၊ အသက် ၅၀ ခန့်အမျိုးသမီးတစ်ယောက်ကတော့ နောက်ကျော ‌‌ခါး‌အထက်မကနေ ဝမ်းဗိုက်အတွင်း အစဖောက်ဝင် (စိုးရိမ်ရ) ဒဏ်ရာ၊ အသက် ၈ နှစ်အရွယ် ကလေးငယ်က တင်ပါးနဲ့ ပေါင်ထိ (စိုးရိမ်ရ) ဒဏ်ရာ ၊ အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက် မျက်နှာထိ (မစိုးရိမ်ရ) ဒဏ်ရာ စသဖြင့် ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမဖြစ်ပွားဘဲ ပြည်သူတွေရှိရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ရက်စက်ယုတ်မာမှုအတွက် တန်ပြန်ပေးဆပ်ရမှာဖြစ်တယ်လို့ တောင်ငူခရိုင် တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပေါင်းတည်တွင် စစ်ကူအင်အားဖြည့်ရန် ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးမှုရှိနိုင်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကူအင်အားဖြည့်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက တောရဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရတယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ လက်ရုံးတပ်က ထုတ်ပြန်ပါတယ်။ 
Read More

တောင်ဥက္ကလာပ (၁၀) ရပ်ကွက်ရုံး လက်ပစ်ဗုံး ပစ်၊ မိုင်းခွဲခံရပြီး ပျူစောထီး ၂ ဦးနှင့် ရဲ ၁ ဦး အပြင်းထန် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်ရုံးကို စက်တင်ဘာလ ၃၀ ရက် မနေ့ညပိုင်းမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်းတွေ လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကပစ ၂၂ မှ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကြောင့် ပြည်သူများ ရိုက်နှက်ခံရ၊ နေအိမ်များ မီးရှို့ခံရကာ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အစပ်ရှိ ကပစ ၂၂ က ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တဲ့အတွက် အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သဲစက်ကို စိတ်မချလို့ သွားကြည့်သည့် ပိုင်ရှင်ဖြစ်သူနှင့် အလုပ်သမားဖြစ်သူ ၂ ဦး စစ်ကော်မရှင်တပ် စနိုက်ပါဖြင့် ပစ်ခတ်လို့ သေဆုံး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ အင်ကြင်းမြိုင်ရွာမှာရှိတဲ့ သဲစက်ကို စိတ်မချလို့ သွားရောက်ကြည့်တဲ့ ပိုင်ရှင်ဖြစ်သူနဲ့ အလုပ်သမားဖြစ်သူ ၂ ယောက်ကို စစ်ကော်မရှင်တပ်က စနိုက်ဘာနဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ခုခံတိုက်ခိုက်ရင်း ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရှမ်းတောင်/ ကယား (ကရင်နီ) စစ်တိုင်းဌာန၊ ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ပါတယ်။