ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ ၃ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ 21 Bagan – People Defense Force ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်ပြီး Local PDF အဖြစ် တော်လှန်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုဂံညောင်ဦးမြို့အခြေစိုက် 21 Bagan-People Defense Force ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပ.က.ဖ တပ်ခွဲ ၃ အဖြစ် တစ်နှစ်ကြာ တိုက်ပွဲတွေဖော်ဆောင်ခဲ့ပြီးတဲ့နောက်မှာတော့ ဧပြီလ ၂၃ရက် မနေ့ကပဲ နုတ်ထွက်ခဲ့တာလို့ သိရပါတယ်။

“အဓိက ကတော့ ပြည်သူ့အတွက် ပြည်သူ့ငွေနဲ့ ပြည်သူ့မျက်နှာကြည့် အလုပ်လုပ်နေပေမယ့်လည်း အကောင်းမမြင်တာရယ်၊ တော်လှန်ရေးအဖွဲ့စည်းအချင်းချင်း လေးစားမှုမရှိတာ၊ မြေပြင်ကိစ္စတွေကို တိတိကျကျ မသိဘဲ ဆုံးဖြတ်တာတွေရယ်ကြောင့် နုတ်ထွက်ခဲ့တာပါ။ ထွက်စာတင်တာမျိုး မလုပ်လိုက်ရဘူး။ ညောင်ဦးမြို့နယ် ပ.က.ဖ တာဝန်ခံရဲ့ ခွင့်ပြုချက်နဲ့ ထွက်လိုက်တာပါ” လို့ 21 Bagan-People Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ် (၂၀၂၄) ဧပြီလ ၂၁ရက်နေ့မှာ Local PDF အဖြစ် စတင်ဖွဲ့စည်းရင်း အဲ့ဒီနှစ် မေလ ၁၈ရက်နေ့မှာပဲ NUG ရဲ့ ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ ၃အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ 21 Bagan -People Defense Force ဟာ ပုဂံညောင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်တာ၊ စစ်ဒေါက်တိုင်တွေကို ရှင်းလင်းတာတွေအပြင် ပြောက်ကျားတိုက်ပွဲတွေ ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

21 Bagan – People Defense Force နုတ်ထွက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုဇီးကတော့ “ဟုတ်ပါတယ်၊ ကျွန်တော်တို့ COC ကို မလိုက်နာနိုင်လို့ပါ။ ထွက်သွားတာ မဟုတ်ပါဘူး။ ထုတ်လိုက်တာပါ။ မြန်မာစကားက ရှုပ်တယ်။ အပြစ်ရှိလို့ ထုတ်တာပါ” လို့ မောင်းကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

လက်ရှိမှာ ညောင်ဦး ပ.က.ဖ တပ်ခွဲ – ၃ အဖြစ် ဖွဲ့စည်းတုန်းက ရရှိထားတဲ့ MA1 သေနတ် (၂) လက်နဲ့ ၅.၅၆ ကျည် အတောင့် (၂၀၀) ၊ ကျည်ဘောက် (၆) ခုတို့ကို ပ.က.ဖ ထံ ပြန်လည်အပ်နှံခဲ့ပြီး LPDF အဖြစ် တော်လှန်ရေးတာဝန်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ 21 Bagan People Defense Force က ပြောထားပါတယ်။

“တော်လှန်ရေးပြီးတဲ့အထိ အမှန်တကယ် ပြည်သူ့အတွက် အလုပ်လုပ်မယ့် ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲပြီး ဘုံရန်သူကို တိုက်ထုတ်သွားမှာပါ” လို့
21 Bagan- People Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့ကလည်း ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ကနေ နုတ်ထွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့ ကျောက်တွင်းလုပ်ကွက် စစ်တပ်ဗုံးကြဲမှုဖြစ်စဥ် NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်က ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာဘူတာအနီးရှိ စစ်တပ်ကင်းပုန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က မျက်မြင် ၄ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်ဖြူမြို့နယ် ပြိုင်းစေ့ကေရွာ စစ်တပ်စခန်းကို သိမ်းပိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သား ၅၀ ထက်မနည်းသေဆုံး၊ စစ်သုံ့ပန်းအများအပြား ဖမ်းမိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်းရဲ့ အဓိက ကာကင်းစခန်းတစ်ခုကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မွန်ပြည်နယ် မြို့နယ် ၃ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီး

မွန်ပြည်နယ် သံဖြူဇရပ်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ၂ရက်အတွင်း နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်တံခါးမြို့နယ်မှာ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၂ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်ရမိ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ စဉ့်အိုးလဟာကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်ရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်း (P-P29914) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို ပစ်သည့် ကျည်တိုင်းသည် တရားသောစစ် ဖြစ်ကြောင်း NUG ကာကွယ်ရေးဒုဝန်ကြီး ပြော

အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်တဲ့ ကျည်တစ်တောင့်စီတိုင်းဟာ တရားသောစစ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်က PDF တပ်မတော် (၄) နှစ်ပြည့်မှာ ပြောကြားလိုက်ပါတယ်။