မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်မှာ စစ်သည်တော်ကျင့်ဝတ်စည်းကမ်းသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံက ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပို့ချခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါ သင်တန်းမှာတော့ စစ်တော်ကျင့်ဝတ်စည်းကမ်းတွေ လိုက်နာဖို့၊ ဆောင်ရန်ရှောင်ရန်တွေနဲ့ ပစ်မှတ်သတ်မှတ်ခြင်း အကြောင်းအရာတွေကို NUG အစိုးရ ပြဌာန်းထားတဲ့ COC ပါအချက်အလက်တွေ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ စတာတွေကို ကိုးကား ပို့ချခဲ့တယ်လို့ သိရပါတယ်။

သင်တန်းမှာ ပို့ချပေးမှုတွေကို လက်တွေ့ လိုက်နာကျင့်သုံးပြီး ပြည်သူလူထုအပေါ် ဆက်ဆံသင့်ကြောင်း အသိပညာကိုရရှိခဲ့တယ်လို့လည်း သင်တန်းသားတွေက ပြောဆိုကြောင်း NUG ဝန်ကြီးဌာနက ဆိုပါတယ်။

သင်တန်းသား ၁ ယောက်က “အစောပိုင်းမှာ ကျွန်တော်တို့ စစ်ပညာ သင်ကြတော့ လူ့အခွင့်အရေး အကြောင်း သေချာ မသိခဲ့ရဘူး။ ဒီသင်တန်းတက်ရင်းမှ ပဲ လူ့အခွင့်အရေး အကြောင်းအရာတွေ နဲ့ COC အကြောင်း သင်ပေးတာကြောင့် ကျွန်တော်တို့ တော်လှန်ရေး သမားတွေအတွက် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းနဲ့ လူ့ဂုဏ်သိက္ခာအကြောင်း ပိုပြီး သိခဲ့ရတယ်။ သင်ခန်းစာတွေကို သင်ယူရုံနဲ့ မပြီးဘဲ တကယ် လိုက်နာကျင့်သုံး နေထိုင်ရမယ်ဆိုတာတွေ သိလာတယ်၊” လို့ ပြောကြားထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြုလုပ်တဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်းဆိုင်ရာသင်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် သင်တန်းသား (၁၉) ယောက် တက်ရောက်ခဲ့ပြီး သင်တန်းသားတွေ အချင်းချင်းကြား အပြန်အလှန် ဆွေးနွေးဖလှယ်တာတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက် လက်နက်နဲ့တကွ မြိုင် ပကဖ ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ မြိုင်-ပကဖ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ပွဲဝင် အသက်ပေးလှူသွားခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ရည်စူးပြီး PSLF/TNLA က အလှူဒါနပြုလုပ်ခဲ့

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာမှာ (၁၀၂၇) စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်ကို တော်လှန်ရင်း အသက်ပေးလှူသွားခဲ့တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် TNLA  တပ်မတော်သားတွေနဲ့ ပူပေါင်းတပ်ဖွဲ့ဝင်တွေကို ရည်စူးပြီး အောက်တိုဘာလ (၂၇)ရက် (၁၀၂၇)စစ်ဆင်ရေး တစ်နှစ်ပြည့်မှာ အလှူဒါနပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦးတွေကို မြို့ပြတော်လှန်ရေးအဖွဲ့တွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကအာဏာတည်မြဲရာ ရန်ကုန်မြို့ပြမှာ မြို့ပြတော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ စက်တင်ဘာလထဲ ဆက်တိုက်ဆိုသလို တွေ့လာရပါတယ်။
Read More

စလင်းမှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်သည့် ဒုရဲအုပ်အမျိုးသမီး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ဒုရဲအုပ် လဲ့လဲ့စိုးပစ်ခတ်ရှင်းလင်းခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

မကွေးတိုင်း ခရိုင် ၂ခုတွင် ရွေးကောက်ပွဲအတု ထောက်ခံကြောင်း ပြသရန် စစ်အုပ်စုက အိမ်ပေါက်စေ့ ခြိမ်းခြောက် အလံထောင်ခိုင်းထား

မကွေးတိုင်း၊ မင်းဘူးနဲ့ သရက်ခရိုင်အတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲအကြို နေအိမ်တိုင်းလိုလို အလံတွေ ထောင်ထားကြဖို့နဲ့ မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲ မကျင်းပနိုင်ရေး အစွမ်းကုန် တားဆီးသွားမည်ဟု DMO Local PDF ထုတ်ပြန်

မကြာခင် ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် အစွမ်းကုန် တားဆီးသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက ထုတ်ပြန်လိုက်ပါတယ်။