စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ဝန်ထမ်းတွေနဲ့ ပျူစောထီးတွေကို အရှင်ဖမ်းဆီးရမိထားကြောင်း အင်းတော်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြို့နေပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ရာမှာပါဝင်ခဲ့သလို PDF ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲဆောင်ရွက်နေချိန်အတွင်း စစ်တပ်ကုန်းဘုန်းကြီးကျောင်းထဲက ဓားစာခံ အရပ်သား ၁ထောင်ကျော်ကို အနိုင်ကျင့် ဗိုလ်ကျခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အောင်မြင့်နိုင်၊ အင်းတော်မြို့နယ်မှူး မောင်လှတင့်တို့အပါအဝင် အင်းတော်မြို့ စစ်တပ်အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ခဲ့သူ ၃၈ယောက်ကို ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

“ဒီလူတွေက အင်းတော်မှာ စစ်ကောင်စီကို အဓိကထောက်ပံ့နေခဲ့တာပါ။ မာရှယ်လောထုတ်တဲ​ ၂၀၂၃ကတည်းက သူတို့ကြောင့် ဖမ်းဆီးခံရတဲ့ လက်စဖျောက်ခံရတဲ့သူ အယောက် ၃၀နီးပါးအထိရှိမယ်။ တစ်ချိို့လည်း တစ်သက်တစ်ကျွန်းကျကုန်တယ်။ သူတို့ကမြို့ခံဆိုတော့ သူတို့ဘာလုပ်တာအကုန်လုံးကသိတယ်။ အခုတော့ အထက်ကနေ သူတို့ကို ဖမ်းဆီးစစ်ဆေးနေတယ်” လို့ အင်းတော်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသူများ

သူကပဲ ဆက်လက်ပြီး “ပျူစောထီးအောင်မြင့်နိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး မောင်လှတင့်ဆိုရင် အင်းတော်မြို့ကို PDF တွေသိမ်းလို့ စစ်တပ်ကုန်းဘုန်းကြီးကျောင်းထဲ အရပ်သားတွေပိတ်မိနေတဲ့အချိန်မှာ အရပ်သားတွေကို ထမင်းဝအောင်မကျွေးတာ၊ အနိုင်ကျင့်ဆဲဆိုခြိမ်းခြောက်တာတွေလုပ်ခဲ့ပါတယ်။ သူတို့အတွက်ရိက္ခာရှာခိုင်းတယ်။ ပစ္စည်းခိုးခိုင်း​တာတွေလုပ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

အခုလို ဖမ်းဆီးရမိခဲ့သူတွေထဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းက အင်းတော်မြို့နယ်၊ နတ်မ ဟုတ်ကြီးရွာနေ အမျိုးသား၈ယောက်ကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ အင်းတော်မြို့အုပ်ချုပ်ရေးဝန်ထမ်းတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း အင်းတော်မြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး ၈လအကြာ၂၀၂၅ ခုနှစ် ဧပြီလ ၇ရက်နေ့ ညမှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

ဟားလီးကွေ့စစ်တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦးသေပြီး ဆေးတပ်ဗိုလ်ကြီးအပါ ၁၆ ဦး အရှင်ဖမ်းမိ၊ လက်နက်မျိုးစုံ ၁၉ လက် သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဟားလီးကွေ့ စစ်တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ယောက် သေဆုံးပြီး ၁၆ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစု မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနဲ့ မိသားစု မတရားသတ်ဖြတ်ခံရမှု နှစ်လပြည့်အဖြစ် အမှုမှန်ပေါက်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ စွက်ဖက်မှုတွေအပေါ် ဆန့်ကျင်ကြောင်းလှုပ်ရှားမှု တရုတ်နှစ်သစ်ကူးနေ့မှာ ပြုလုပ်

မြန်မာ့နိုင်ငံရေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအပေါ် ထောက်ခံကူညီနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကိုယ်စားပြုတဲ့ ဝက်ဝံရုပ်နဲ့အတူ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ရှုံ့ချတဲ့ လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

နွားထိုးကြီးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ သန်းပင်လှရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဈေးချိုမှာ ဆန္ဒပြ၍ အကြမ်းဖက်စစ်တပ် ဆုငွေထုတ် အမှုဖွင့်ခံထားရသူ ၁၀ ဦးအနက် ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံထားရဟု ဆို

မန္တလေးမြို့ ဈေးချိုအနီး ဆန္ဒပြခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မနဲ့ အမှုဖွင့် ဆုငွေထုတ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သပိတ်အင်အားစုတွေက ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။
Read More

စစ်ကြောရေးတွင် မသေရုံတမယ် ရိုက်နှက်ခံရပြီး ပြန်လွတ်လာသည့် တော်လှန်လူငယ်တစ်ဦး

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူငယ် အတော်များများဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေထဲကို အသီးသီး ဝင်ရောက်သွားခဲ့ကြပါတယ်။