မြန်မာပြည်အတွက် တရားမျှတရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို အစဉ်အမှတ်ရနေမှာဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ရိုမန်ကက်သလစ်အသင်းတော်ရဲ့ (၂၆၆) ပါးမြောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီ (၂၁) ရက်၊ သက်တော် (၈၈နှစ်)မှာ ပျံလွန်တော်မူသွားတဲ့အပေါ် ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်ဘာသာဝင်‌တွေနဲ့ ထပ်တူ ဝမ်းနည်းရတယ်လို့ IEC က ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ခရစ်ယာန်တွေအကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ရုံသာမက ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အရှင်သူမြတ်ြဖစ်ကာ အလေးအမြတ်ပြုတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်အတွင်း တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြည်သူတွေဘက်က ရပ်တည်ပြီး ပြောဆိုပေးခဲ့တဲ့အတွက်လည်း အမှတ်ရနေမယ်လို့ ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အရပ်သားအစိုးရလက်ထက်က မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း မြန်မာ့အရေးမှာ ငြိမ်းချမ်းဖို့ဆုတောင်းမှုတွေ ပြုလုပ်ပေးခဲ့သူ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး အရပ်သားအစိုးရလက်ထက် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်က (ဓာတ်ပုံ AFP/ EPA)

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီတွင် မြန်မာနိုင်ငံသားကို ထိုင်းအမျိုးသားမှ ထိုးကြိတ်ခဲ့မှု နစ်နာကြေး ရရှိအောင် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

လူမှုကွန်ရက်မှာ လတ်တလော ပျံ့နှံ့နေတဲ့ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီရှိ ပထုံဆေးရုံအနီး မြန်မာနိုင်ငံသားကို ထိုင်းအမျိုးသားက ထိုးကြိတ်ခဲ့မှုအတွက် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ရုရှား လေတပ်စခန်းများကို ယူကရိန်းက Web Operation အဖြစ် ဒရုန်းများဖြင့် တိုက်ခိုက်၊ ရုရှားစစ်လေယာဉ် ၄၀ ကျော် ပျက်စီးဟု ဆို

ရုရှားနိုင်ငံအတွင်းရှိ လေတပ်အခြေစိုက်စခန်းတွေကို ဇွန်လ ၁ ရက် မနေ့က ယူကရိန်းရဲ့ S.B.U ထောက်လှမ်းရေးအေဂျင်စီက ဦးဆောင်ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

အပစ်အခတ်ရပ်စဲရေးတွေ ပျက်ပြားလို့ စိတ်ပျက်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးပြော၊ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅) ချက်ရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ရမယ်လို့ ဆို

အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးနေရင်း ဘုံသဘောတူညီချက် (၅) ရပ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် အသက်သွင်းနိုင်ဖို့ ကြိုးပမ်းသွားရမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် စက်တင်ဘာလ ၂၇ ရက်မှာ ပြောပါတယ်။
Read More

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဂျပန်အစိုးရ သံသယရှိ

၂၀၂၆ ဇန်နဝါရီလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အီဝါယာ က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ Human Right Watch က ဖော်ပြပါတယ်။
Read More

ထိုင်းမှာ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့လို့ လွတ်မြောက်လာသည့် မြန်မာ ၉၉ ယောက် ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ခံရ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၉၉ ယောက်ကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေရှိရာ ထိုင်း-မြန်မာ နယ်စပ်မြို့များကို ထိုင်းအစိုးရမှ လျှပ်စစ်ဓာတ်အား စတင် ဖြတ်တောက် 

ထိုင်းအစိုးရက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တို့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး လျှပ်စစ်ဓာတ်အားပေးနေမှုတွေကို ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။