မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ကင်းပုန်းဝပ်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ နဂါးဖြူတပ်ရင်းသတင်းနှင့်ပြန်ကြားရေးက မောင်းကိုပြောပါတယ်။

ဧပြီလ ၂၁ရက် မနက်ပိုင်းမှာ ပဲခူးတိုင်းအတွင်းကနေ မွန်ပြည်နယ်ထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီပုံစံပြောင်းကားတန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အလူးလေးရွာနဲ့ သပြေနီရွာအကြား မိုင်းဆွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြောင်း၊ အဲ့လိုလုပ်ဆောင်နေချိန် အနောက်ကာကင်းနဲ့ လမ်းဘေးကင်းပုန်းဝပ်ဖို့လာတဲ့ အင်အား (၂၀)ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ ထိခိုက်သေဆုံးမှုတွေရှိတဲ့အပြင် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ရဲဘော်၁ယောက် ရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ နေ့လယ်ပိုင်းမှာပဲ အောင်အောင်မြင်မြင် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း နဂါးဖြူတပ်ရင်းက ပြောပါတယ်။

ပုံစာ – နဂါးဖြူစစ်ကြောင်း တပ်ဖွဲ့ဝင်များ

“ပုံစံပြောင်းကားတန်းဆိုတာ စကစက အိမ်စီးကားတွေနဲ့ လာတာကို ပြောတာပါ။ နယ်မြေနင်းတဲ့ပုံစံပါ။ ယူနီဖောင်းရော အရပ်ဝတ်နဲ့ရော ပါတယ်။” လို့
နဂါးဖြူတပ်ရင်း တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်း နဂါးဖြူတပ်ရင်းနဲ့အတူ (၇၈၀၁) တပ်ရင်းနဲ့ (၇၈၀၅)တပ်ရင်း ခွဲ(၄)တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ လက်ရှိမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကိုပါ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် အရပ်သားတွေ စစ်ရေးအသိသတိနဲ့ သွားလာနေထိုင်ကြဖို့ နဂါးဖြူတပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ထောက်ပို့ရဲဘော်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်အလင်းဝင်ရောက်လာ

“ကိုထက်က ယခင်က မြင်းခြံဘက်က ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးပါ။ မန္တလေး ပြင်ဦးလွင် ကြားမှာ ထောက်ပို့လုပ်ငန်း လုပ်ဆောင်ရင်း ပေါ်တာဆွဲခံရပြီး ပစ သင်တန်းပို့ခံရတာ” လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖားကန့်ကို အဓိကသွားလာသည့် လမ်းမကြီး ၂ခုကို စစ်ကောင်စီ ပိတ်ဆို့ထားတာကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ကာ ဒေသခံများ အခက်တွေ့နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အဓိကသွားလာတဲ့ လမ်းမကြီး ၂ခုကို စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာကာ ဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဇီးကုန်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို စောင့်ကြိုတိုက်ခိုက်၊ ၄ ယောက်ထက်မနည်း သေ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ရွှေဂဠုန်စစ်ကြောင်းက ထုတ်ပြန်လာပါတယ်။ 
Read More

မင်းတုန်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် အလစ်အငိုက် ချေမှုန်းခံရပြီး အယောက် ၃၀ နီးပါးသေ၊ လက်နက်ခဲယမ်းတွေနဲ့အတူ တပ်ကြပ်အဆင့် စစ်သုံ့ပန်းတစ်ယောက်လည်း ဖမ်းဆီးရမိ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ မြို့တောင်ဘက်ပိုင်းက ကျေးရွာတွေဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ရင်းတွေကို ဟန့်တားတိုက်ခိုက်ရင်း စစ်ကောင်စီတပ်သား ၃၀ခန့်ကို ချေမှုန်းနိုင်ခဲ့သလို သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်အပါ ပြည်သူ ၄ ဦးထက်မနည်း သေဆုံးမှု ရှိ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နေပြည်တော်ရှိ စစ်တပ်၏ ရတနာမြေအခြေပြု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းရှင်းလင်း

နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရတနာမြေအခြေပြု လုံခြုံရေး ကင်းစခန်းကို  ၂ ရက်ဆက် စီးနင်းတိုက်ခိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က သတင်းထုတ်ပြန်ထားပါတယ်။