ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်၈နှစ်အောက် ကလေးငယ်တွေ အပါအဝင် စစ်ရှောင် ၈ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF-အမှတ်(၁)ဗျူဟာ သတင်းနှင့်​ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။

ဧပြီလ ၂၁ ရက် မနေ့က နေ့လယ်ပိုင်းမှာ ဖယ်ခုံမြို့ ၊ အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကနေ လက်နက်ကြီး ၁၀လုံး ရမ်းသမ်းပစ်ခတ်ခဲ့ရာ ခေါင်းအိရွာသစ်ကို ကျရောက်ပေါက်ကွဲပြီး အရပ်သားစစ်ရှောင်တွေ ထိခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် အသက်၄၀အရွယ် အမျိုးသမီး၁ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့ပြီး ၈နှစ်အရွယ်ကလေးငယ် ၃ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

“ခေါင်းအိရွာက အရင်၂၀၂၂ လောက်တုန်းက တော်လှန်အင်အားစုတွေ စခန်းချခဲ့ဖူးပေမယ့် အခုမနေကြတော့ဘူး။ အဲ့တုန်းကလည်း ခေါင်းအိတိုက်ပွဲလုပ်ချိန်မို့ပါ။ သေချာတာကတော့ သူတို့က လူထုကို ရန်သူလိုမြင်နေတော့ ထုတာပါ။ လောလောဆယ် စစ်ကြောင်းထိုးတာမျိုးတော့ မရှိသေးဘူး” လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF-အမှတ်(၁)ဗျူဟာ သတင်းနှင့်​ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။

လက်နက်ကြီးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဖယ်ခုံကျန်းမာရေးကယ်ဆယ်ရေး PKHC အဖွဲ့က ဆေးကုသမှုတွေလုပ်ဆောင်ပေးရင် ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးကြီးကိုလည်း ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ငလျင်ဒဏ်အကြောင်းပြကာ နိုင်ငံနဲ့တစ်ဝှမ်း လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာ၊ စက်တပ်လေထီးချတာတွေအပြင် လက်နက်ကြီးပစ်ခတ်တာတွေပါ ဆက်တိုက်လုပ်ဆောင်ခဲ့ပေမယ့် ယာယီအပစ်ခတ်ရပ်စဲရေးကိုတော့ ဧပြီလ ၃၀ရက်နေ့အထိ ဟန်ပြတိုးမြှင့်ထားပါတယ်။

စစ်ကောင်စီလက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် အမျိုးသမီး ၁ ဦး
0 Shares:
You May Also Like
Read More

ကယန်းလူထု အခြေပြု ကယန်းအမျိုးသားတပ်မတော် စတင်ဖွဲ့စည်း

ကရင်နီဒေသက မြို့လေးမြို့ အပါအဝင် ပြန့်ကျဲနေတဲ့ ကယန်းလူထုအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို စုစည်းကာ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကယန်းအမျိုးသားတပ်မတော် - KNA က ဒီနေ့ အောက်တိုဘာ (၂၉)  ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းမှာ ရက်၁၂၀ ကျော်အတွင်း မြန်မာလုပ်သား နှစ်သိန်းကျော် ဖမ်းဆီးခံရ

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အပစ်မရပ်ခင် နောက်ဆုံးလတွင် TNLA ထိန်းချုပ်ဒေသများအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၉ ဦး သေဆုံး၊ ၇၁ ဦး ဒဏ်ရာရကာ နေအိမ် ၁၇၉ လုံး အပါအဝင် များစွာ ပျက်စီးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သံဃာတော်တွေအပါအဝင် ပြည်သူ ၄၉ ယောက် သေဆုံးခဲ့ပြီး ၇၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မြောင်မြို့နယ်တွင် CDM ဝန်ထမ်း အယောက် ၄၀ အတွက် ဂုဏ်ပြုပွဲ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ “အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု” မှာ ပါဝင်ခဲ့ကြတဲ့ ကျေးရွာတစ်ခုက နိုင်ငံ့ဝန်ထမ်း (CDM) တွေကို ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာတွင် ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး

မုံရွာမှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ကျေးရွာအတွင်းမှ မောင်းထုတ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ အရပ်သားပြည်သူ ၆ဝဝဝ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က  ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး ကျေးရွာအတွင်းကနေ ထွက်သွားရမယ်လို့ မောင်းထုတ်ပြီး ဝင်ရောက်တပ်စွဲနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။