ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ တွန်းပို့နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီလ ၂၂ ရက် ဒီနေ့မနက်ပိုင်း ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၁၂ /၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေး အဖွင့်မိန့်ခွန်မှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တွန်းအားပေးနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း “စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအပေါ် ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ကြဖို့” ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ စစ်ကောင်စီအနေနဲ့လည်း မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်ဖို့ လိုတာက “မြန်မာနိုင်ငံမှာ ဘယ်သို့သော စစ်အုပ်ချုပ်ရေးနဲ့မဆို တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူး” ဆိုတာ နှစ်ပေါင်း (၇၀) ကျော်ကြာ၊ ပြည်တွင်းစစ်က သက်သေပဲဆိုတာ နားလည်ဖို့ လိုပါတယ်” လို့ NUG ယာယီသမ္မတက ပြောကြားထားပါတယ်။

(ဓာတ်ပုဲံ Acting President Duwa Lashi La’s Facebook)

ယာယီသမ္မတက NUG အစိုးရအနေနဲ့ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့ဆိုတဲ့ကိစ္စကို အစဉ်တစိုက် လိုလားပြီး ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြည်သူလူထုရဲ့ အဓိက လိုလားချက်တွေကို လျစ်လျှူမရှုဖို့ အာရုံစိုက်ရမယ်လို့ အစိုးရအဖွဲ့ဝင်တွေကို အသိပေးထားပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ငလျင်ကို အကြောင်းပြုပြီး နိုင်ငံတကာဖိအားတွေ ပိုများပြားလာနိုင်တာကြောင့် နိုင်ငံတကာအခင်းအကျင်းတွေကို ကြိုတင်တွက်ဆထားဖို့နဲ့ ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ပြောကြားထားပါတယ်။

“နိုင်ငံတကာရဲ့ ဖိအားလည်း ငလျင်ကို အကြောင်းပြုပြီး ပိုမိုများလာနိုင်ဖွယ် ရှိပါတယ်။ အခုဆိုရင် အာဆီယံဘက်ကတော့ အင်တိုက်အားတိုက် စီမံဆောင်ရွက်လာတဲ့ အခြေအနေတွေကိုတော့ အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။ နောက်ထပ်လာနိုင်ဖွယ်ရှိတဲ့ နိုင်ငံတကာရဲ့ အခင်းအကျင်းတွေကိုလည်း ကျွန်‌တော်တို့ဘက်က ကြိုတင်တွက်ဆထားဖို့နဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။” လို့ NUG ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

NUG ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ် လုပ်ဆောင်မှုများ ရှိနေပြီး တော်လှန်ပြည်သူများ သတိပြုကြရန် လွတ်လပ်သော CDM အင်အားစု တိုက်တွန်း

တော်လှန်ရေးအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် တော်လှန်ပြည်သူတွေ အသိ၊ သတိနဲ့ ဆင်ခြင်သုံးသပ်ကြဖို့ လွတ်လပ်သော CDM အင်အားစု (Independent CDM Alliance – ICA) က ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
Read More

ညောင်ဦးတွင် ဧည့်စာရင်းစစ်တာ အကြောင်းပြပြီး လူငယ်များကို အိမ်ပေါ်တက် ဖမ်းဆီးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ရပ်ကွက်တွေမှာ စစ်ကော်မရှင်က ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မကွေးအကျဉ်းထောင်အတွင်း အခြေအနေတင်းမာမှုများကြား နိုင်ကျဉ်း ၂ဦး အနည်းဆုံးသေဆုံးပြီး အများအပြားထိခိုက်ခဲ့၊ အကျဉ်းထောင် တိုက်ခိုက်ခံရမှုအတွက် နိုင်ကျဉ်းများကို စစ်ဆေးနေ

မကွေးအကျဥ်းထောင် တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့အတူ ထောင်ဝန်းအတွင်းဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေမှာ နိုင်ငံရေးအကျဥ်းသားတွေ ချိတ်ဆက်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ထောင်တွင်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။
Read More

TNLA စိုးမိုးနယ်မြေများတွင် ဧပြီ တစ်လတာအတွင်း စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အရပ်သား (၁)ဦး သေဆုံးပြီး ကလေးငယ်အပါ (၄)ဦး ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးထားတဲ့ မြို့နယ်တွေမှာ ဧပြီလတစ်လအတွင်း မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
(ဓာတ်ပုံ KNU)
Read More

ဒူးပလာခရိုင်၊ ဝင်းရေးမြို့နယ်အနီးက ကျေးရွာတွေကို ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်လို့ ပြည်သူ ၁ ဦး သေဆုံးခဲ့ရ

ဒူးပလာခရိုင်၊ ဝင်းရေးမြို့နယ်အနီး  ကျေးရွာများကို  စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ဆက်ကြေးကောက်ရန် ထွက်လာသည့် တောပုရွာ ပျူစောထီးများ မိုင်းဆွဲခံရ၊ ၁ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။