ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ပို့ဆောင်မယ့် စစ်လက်နက် ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြလာပါတယ်။

မနေ့က ဧပြီလ ၂၂ ရက် နေ့လယ်ပိုင်းမှာ ချင်းမိုင်၊ စူ့ထေ့ဒေသမှာ ထိုင်းရဲတပ်ဖွဲ့တွေ ဂိတ်ချစစ်ဆေးနေစဉ် အဆိုပါ စစ်လက်နက် ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ ဂိတ်ကို အနက်ရောင် တိုယိုတာကားတစ်စီး ဖြတ်သန်းမောင်းနှင်လာစဉ် မသင်္ကာတာကြောင့် စစ်ဆေးရာ ကားအနောက်ဘက်မှာ သေတ္တာတစ်လုံးကို တွေ့ခဲ့ကြောင်း၊ အဲဒီသေတ္တာထဲမှာ စစ်လက်နက် ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြထားကြပါတယ်။  

ဖမ်းဆီးရမိခဲ့တဲ့ လက်နက်တွေကတော့ AR ရိုင်ဖယ် ၁၀ လက်၊ ကျည်ကတ် ၁၀ ခုနဲ့ ဗုံးသီးသုံး လောင်ချာ ၁၄ လက်တို့ဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ ကားမှာ ထိုင်းနိုင်ငံသား ၂ယောက် မောင်းနှင်လိုက်ပါလာပြီး သူတို့ ၂ ယောက်ဟာ မယ်ဟောင်ဆောင်ဒေသခံတွေ ဖြစ်ကာ အသက် ၃၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ 

ဖမ်းမိတဲ့ လက်နက်ပစ္စည်းတွေကို ချင်းမိုင်မြို့ကတဆင့် မယ်ဟောင်ဆောင်နယ်စပ်က KNU တပ်ဖွဲ့ထံ ပို့ဆောင်ပေးဖို့ လူတစ်စုက ငှားရမ်းခဲ့တယ်လို့ ပို့ဆောင်သူ ၂ယောက်က ရဲတပ်ဖွဲ့ကို ထွက်ဆိုကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

သီတင်းကျွတ်လပြည့်နေ့တွင် ကလေးငယ်များအပါ ပြည်သူကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု လက်ခံနိုင်စရာမရှိဟု ဗြိတိန်၊ သြစတြေးလျနှင့် ဆွစ်ဇာလန်သံရုံးတို့ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ပြည်သူတွေ သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲ ပြုလုပ်နေချိန် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို လုံးဝလက်မခံ ရှုတ်ချကြောင်း ဗြိတိသျှ၊  ဩစတြေးလျနဲ့ ဆွစ်ဇာလန်သံရုံးတို့က အသီးသီး ထုတ်ပြန်လိုက်ပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီးနှင့် အမေရိကန်အမတ် တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး အခြေအနေများအကြောင်း ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ အမေရိကန် လွှတ်တော်အမတ် Julie Johnson တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား သံတမန်ညှိနှိုင်းမှုအဆင့်ကို ကျော်လွန်ကာ ဒုတိယမြောက်နေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့

နယ်စပ်အငြင်းပွါးမှု ပြဿနာကြီးထွားလာရာကနေ မနေ့က မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲဟာ ဒီနေ့မှာ ဆက်လက်ပြင်းထန်လာခဲ့ပါတယ်။
Read More

မြန်မာအပါအဝင် ၄၁ နိုင်ငံကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်ဖွယ်ရှိ

အမေရိကန် ထရမ့်အစိုးရက တားမြစ်ချက်အသစ်ရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၁ နိုင်ငံကို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်ကြောင်း အဆိုပါကိစ္စနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ Reuters က မြင်တွေ့ရတဲ့ လှို့ဝှက်မှတ်စုတခုကို ကိုးကားပြီး Reutres သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

ရက်စက်ကြမ်းကြုတ်သည့် စစ်ကောင်စီအရေး ထိုင်းအစိုးရ ကြားဝင်ဖြေရှင်းသင့်ကြောင်း ထိုင်းအမတ် ကန်နာဝီ ပြော၊ မြန်မာစစ်တပ်နှင့် ဆက်ဆံရေးထိခိုက်မှာကို ထိုင်း စိုးရိမ်နေဟု ဆို

အကြမ်းဖက်စစ်ကောင်စီက ဒီနေ့ မေလ ၁၂ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာရှိ စာသင်ကျောင်းကို ရက်ရက်စက်စက် လေကြောင်းတိုက်ခိုက်ပြီးတဲ့နောက် မြန်မာစစ်တပ်ရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချသလို ထိုင်းအစိုးရအနေနဲ့လည်း ကြားဝင်မှုတွေ လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ် ကန်နာဝီက တိုက်တွန်းလိုက်ပါတယ်။
Read More

ညီညွတ်ပေါင်းစည်းရေးကို ဦးစားပေးနေပေမယ့် ရှမ်းပြည်မှာ RCSS နဲ့ SSPP တို့ ထိတွေ့တင်းမာမှုတွေရှိနေ

ရှမ်းပြည်မှာ အင်အားကြီးမားတဲ့ ရှမ်းတပ်နှစ်ခုဖြစ်တဲ့ RCSS နဲ့ SSPP တို့ဟာ မြေပြင်မှာ ထိတွေ့တင်းမာမှုတွေရှိနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က မနေ့က ဒီဇင်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။