စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

၈ လ ဝန်းကျင်ကြာမြင့်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲကို ABSDF အမှတ် ၁ စစ်ကြောင်း ၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ KPDF ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတွေနဲ့ အခြားမဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီလ ၇ ရက် ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တဲ့အပြင် စခန်းစွန့်ခွာထွက်ပြေးတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကိုပါ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဆိုပါ မြို့သိမ်းစစ်ဆင်ရေးအတွင်း ABSDF အမှတ် ၁၄ တပ်ရင်းက ရဲဘော်သရဲဟာ ဖက်ဒရယ်ဒီမီုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တာဝန်ရပ်စဲခံခဲ့ရသည့် ကနီမြို့နယ် လျှပ်စစ်စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံဟောင်း ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က လာရောက်ဖမ်းဆီး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကနေ တာဝန်ရပ်စဲခံခဲ့ရတဲ့ ကနီမြို့နယ် လျှပ်စစ် စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံ ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမတ ၃၁၀ တပ်ရင်းကို မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သေဆုံးမှုများ ရှိနိုင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ထဲကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်စနစ် တိုက်ဖျက်ချေမှုန်းရေးအတွက် နေပြည်တော် PDF တပ်ရင်း ၉၀၁ က တပ်သားအသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ်(၉၀၁) တပ်ရင်းက စစ်အာဏာရှင်စနစ် တိုက်ဖျက်ချေမှုန်းရေးအတွက် တပ်သားအသစ်တွေကို စိစစ် လက်ခံခေါ်ယူနေတယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက် ၁ လက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စစ်သား ၃ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထို မုပ္ပလင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၅ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ “ဘာကြောင့် ဒီနေရာကိုပဲ ထပ်ခါထပ်ခါ ကြဲရတာလဲ။ ငါတို့မှာ ဘာအပြစ်ရှိတာကြောင့်လဲ”

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိကျေးရွာအနီးက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 1007 MOBYE PDF 2 က ထုတ်ပြန်ထားပါတယ်။