ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ရန်ကုန်-ပြည်လမ်းပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ လူကြီးလမ်းကြောင်းစောင့်နေတဲ့ စစ်အုပ်စုတွေ ထိတွေ့မှုဖြစ်ပြီး အထိနာသွားတဲ့ စစ်ကောင်စီက မင်းလှမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဧပြီလ ၂၂ရက်၊ မနေ့က မနက်အစောပိုင်းမှာ မင်းလှမြို့နယ်၊ အင်ကြင်းကုန်းအုပ်စု၊ အညာတန်းကြီးကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းဘေးက “53” ထမင်းဆိုင်အတွင်း ထမင်းစားသောက်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာကနေ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဖရိုဖရဲဖြစ်ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နောက်က လိုက်လံပစ်ခတ်ရာမှာ စစ်သားနဲ့ ပျူစောထီး ၈ယောက် သေဆုံးပြီး ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က ထုတ်ပြန်ပါတယ်။
“လူကြီးလမ်းကြောင်းလာမယ်၊ တိုင်းမှူးလို့ကြားတယ်။ အဲ့ဒါစစ်တပ်က ပျူတွေနဲ့ လာစောင့်နေတာ၊အထဲက စခတွေက ထမင်းစားနေတယ်။ ကျနော်တို့ဝင်ပစ်တော့ အပြင်မှာစောင့်နေတဲ့ ပျူ ၂ကောင်ကို ထိတယ်။ အဲ့အချိန် အထဲကကောင်တွေလည်း ထွက်ပြေးကြတယ်။ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေရော သူတို့ဆိုင်ကယ်ပါ ယူပြီး လွတ်အောင်ပြေးကြတယ်ပေါ့။ ဆိုင်ကယ်တစ်စီးကို သုံးလေးယောက်စီးကြတဲ့အထိပဲ။ တချို့ပျူတွေက ကိုင်းပြင်ကြီးတံတားအောက်ကို ပြေးကြတယ်။ တချို့ကျ သရက်တပင်တာဆုံဘက်ကို ပြေးကြတယ်။” လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကောင်စီက မင်းလှမြို့ဆေးရုံကိုပို့ဆောင်ရင်း ဆေးရုံတက်ရောက်နေတဲ့ လူနာတွေကိုပါ ဆဲဆိုဖယ်ရှားခိုင်းကာ ကုသမှုတွေ လုပ်ဆောင်စေခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီက အဲဲ့ဒီနေ့ နေ့လယ်ပိုင်းမှာပဲ Mi35 ရဟတ်ယာဥ်နဲ့ ရိုးမအစပ်ကို ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

“ဒီနေ့ လေယာဥ်၂စီး ထပ်လာမယ် သတင်းရပါတယ်။ အထိနာသွားလို့ လုပ်နေတာလို့လည်း ပြောလို့ရပါတယ်။” လို့ မင်းလှမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ရှိသူကလည်း မောင်းကိုပြောပါတယ်။

ပုံစာ – သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်များနှင့် မင်းလှမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်နေသည့် စစ်ရဟတ်ယာဥ်ကိုတွေ့ရစဥ်
0 Shares:
You May Also Like
Read More

ဖြူးမြို့နယ်က စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက် လီဆယ်လှည့်ဖြားမှုသာဖြစ်ဟု  NUG ထုတ်ပြန် 

အကြမ်းဖက်စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ လီဆယ်လှည့်ဖြားခြင်းသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

စစ်ကြောင်းလိုက် ပြုတ်ထားတာ မကြာသေးတဲ့ ဘုတလင်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့  အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းလိုက်ပြုတ်အောင် အတိုက်ခံထားရတဲ့ စစ်ကောင်စီက အင်အားဖြည့်တင်းမှုတွေလုပ်ကာ ကျေးရွာတွေကို စစ်ကြောင်းထိုးမွှေနှောက်ပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ဖွဲ့စည်းပုံပျက်အောင် တိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေ ကြိုဆို

ဘုတလင်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သပြေညိုနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

သာယာဝတီခရိုင် PDF တပ်ရင်း ၃ (3803) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ၊ သာယာဝတီခရိုင်တပ်ရင်း ၃ (3803) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ သာယာဝတီခရိုင်အတွင်း ကျင်းပ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီ… (ဓာတ်ပုံသတင်း)

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ၊ နိုင်ငံရေးဌာန ရဲဘော်တွေက ဒီဇင်ဘာ ၂၅ ရက်က သွားရောက်ပြီး ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီခဲ့တယ်လို့ သိရပါတယ်။