ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်ခံရတဲ့ ​မြန်မာနိုင်ငံသားတွေကို မြိတ်မြို့ခံ ခရိုနီလုပ်ငန်းရှင်တွေက စစ်ကောင်စီတပ်ထံ ကူညီပို့ဆောင်ပေးနေကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကတဆင့် ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂၅၀၀ နီးပါးကို မြိတ်မြို့အခြေစိုက် သီတာအုပ်စု၊ ငွေဇင်ယော်အုပ်စု၊ ထူးထူးတိုးအုပ်စုနဲ့ ကိုဝေလင်းအုပ်စုတို့က စစ်ကောင်စီတပ်ထံ ကူညီပို့ဆောင်ပေးနေခဲ့တယ်လို့ မြိတ်မြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

လုပ်ငန်းရှင်တွေက သူတို့ရဲ့ လှိုင်းဖြူလှေတွေနဲ့ ပို့ဆောင်ခံရသူတွေကို အသုတ်လိုက် တင်ဆောင်ပြီးကော့သောင်းမြို့ကတဆင့် မြိတ်မြို့ ရွှေဒူးတိုက်/စီကျောင်းအပါအဝင် ကျွန်းစုရေတပ်စခန်းနဲ့ ပလောက်တန်းမြှင့်လေ့ကျင့်ရေးကျောင်းတွေဆီ အသီးသီးပို့ဆောင်နေခဲ့တာလို့ မြိတ်ပကဖ က ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ အဖမ်းဆီးခံရတဲ့သူတွေကို ကော့သောင်းမြို့ကို ပြန်ပို့တယ်။ ကော့သောင်းမှာ လူစုပြီး စက်လှေနဲ့ စစ်တပ်ဆီ ပြန်ပို့တဲ့သဘောပါ။ စစ်မှုထမ်းပထမသုတ်ကတည်းကပါ။” လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ထုတ်ပြန်ကြေညာချက်

မြိတ်ပကဖ ဘက်က မြို့နယ်အတွင်း လုပ်ငန်းရှင်တွေနဲ့ သာမန်အရပ်သားတွေကို စစ်ကောင်စီခိုင်းစေတဲ့အတိုင်း လိုက်လံမလုပ်ဆောင်ဖို့နဲ့ စစ်ကောင်စီ အလိုကျ ဒေါက်တိုင်အဖြစ် ပံ့ပိုးကူညီတာတွေ မလုပ်ဖို့ သတိပေးတားမြစ်စာတွေ ထုတ်ပြန်ထားခဲ့ကြောင်း သိရပါတယ်။

အခုလိုမျိုး အကြမ်းဖက်စစ်ကောင်စီရဲ့တပ်သားသစ်စုဆောင်းနိုင်ရေးမှာ အကူအညီဖြစ်စေဖို့ လုပ်ဆောင်ပေးနေတဲ့ အထက်ပါလုပ်ငန်းရှင်တွေကို ရှေ့ဆက်မလုပ်ဆောင်တော့ဖို့လည်း မြိတ်ပကဖက အသိ​​ပေးထားပါသေးတယ်။

“အခက်အခဲအမျိုးမျိုးကြောင့် သူတို့ဆီ သတိပေးစာတွေ ပို့တာမရှိပေမယ့် ဒီကြေညာချက်ကို သူတို့သိမှာပါ။ ကျနော်တို့တားမြစ်တာကို မလိုက်နာရင်တော့ အရေးယူမူတွေ လုပ်ပါမယ်။ ကိုယ့်အကျိုးစီးပွားအတွက် စကစရဲ့ခိုင်းစေတဲ့အတိုင်း မလုပ်ဆောင် မပူးပေါင်းဖို့နဲ့​ သတိပေးချက်အပေါ် လိုက်နာပေးဖို့ပြောချင်ပါတယ်။” လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကတော့ စစ်အာဏာသိမ်းကာလအတွင်း စစ်မှုထမ်း ဥပဒေအပါအဝင် လူ့အခွင့်အရေးချိုး​ဖောက်ခံရမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ထိုင်းအစိုးရထံ တိုက်တွန်းထားပါသေးတယ်။

0 Shares:
You May Also Like
Read More

မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်ခံရမှုမှာ အရာရှိ၂ယောက်အပါ ၆ ယောက် သေပြီး စစ်ကောင်စီက သတင်းဖုံးဖို့ ကြိုးစားနေ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲပြီး နည်းပညာရှင်အရာရှိ၂ယောက်နဲ့ အခြားအဆင့်ရှိသူ ၄ ယောက်၊ စုစုပေါင်း ၆ ယောက် သေတယ်လို့ Civilian Military SRDF စစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မိုင်းယု (၁၀၅)မိုင်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သက်တမ်းကုန်နေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးမှု ပြုလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု(၁၀၅) မိုင်မှာ တအာင်းတပ်မတော်(TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က သက်တမ်းကုန်နေတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းတွေကို စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုကို K.N.D.O ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ရာ သေနတ် ၆ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။
Read More

စလင်း(ပကဖ) အမည်ခံပြီး လိမ်လည်အလှူငွေတောင်းနေသူတွေကို ဖော်ထုတ်အရေးယူသွားမည်ဟု ဆို

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နာမည်ခံပြီး လိမ်ညာအလှူခံမှုတွေ ရှိနေတဲ့အတွက် စစ်ဆေးဖော်ထုတ် အရေးယူသွားမယ့်အကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက မောင်းကို ပြောပါတယ်။
Read More

ရွာကထိန်ပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၅ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယောအိုင်းမကျေးရွာမှာ ကထိန်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။