အကြမ်းဖက်စစ်ကောင်စီက အဓမ္မပေါ်တာဆွဲပြီး ပြည်သူ့စစ်မှုထမ်းအဖြစ် စုဆောင်းခံရကာ ရှေ့တန်းစစ်မြေပြင် ပို့ဆောင်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ယောက်က ဧပြီလ (၂၀) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

ခလရ (၉)တပ်ရင်းက စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၂) ယောက်ဟာ MA-1 တစ်လက် ၊ MA-2 တစ်လက် တို့နဲ့အတူ KNDF ဆီ ထွက်ပြေးခိုလှုံလာခဲ့တာဖြစ်ပြီး KNDF က ဆုကြေးငွေတွေ ပေးအပ်ကာ ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားရှိတယ်လို့ သိရပါတယ်။

အလင်းဝင်လာသူ ၂ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီက ပေါ်တာဆွဲကာ ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဉ် (၇)အဖြစ် စစ်သင်တန်းပေးပြီး ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အင်အားယုတ်လျော့လာတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး ပြည်သူတွေကို အတင်းအကြပ် စစ်မှုထမ်းစာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခိုင်းခြင်း၊ ပေါ်တာဆွဲခြင်းတို့ လုပ်ဆောင်ကာ စစ်သင်တန်းပေးပြီး ရှေ့တန်းကို ချက်ချင်းပို့ဆောင်တာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြဝတီ-ဝေါ်လေ ကားလမ်းက စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို ထပ်ပြီးသိမ်းပိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ချောင်းဦးရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းများဖြင့်တိုက်ခိုက်၊ စစ်အုပ်စုက ၅ ဦးသေပြီး ၁ ဦး ဒဏ်ရာရ…

" အခက်အခဲကတော့မရှိခဲ့ပါဘူး။ ၆၀မမ ၂လုံးပစ်သွင်းတာမှာ ၁လုံးပဲကွဲပါတယ်။ ပစ်ခတ်မှုတော့မဖြစ်ပါဘူး။ သူတို့ဘက်တုံ့ပြန့်တာမျိုးတော့မရှိပါဘူး။ သေတဲ့၁ကောင်ကို နမခကို ပြန်ခေါ်သွားတယ်ဆိုတော့ အကောင်ကြီးထဲကဖြစ်နိုင်ချေရှိပါတယ်။ သူ့ရဲ့နာမည်နဲ့ရာထူးကိုမသိရလို့သာမထုတ်ပြန်တာပါ။ ကျန်တဲ့ ၄ကောင်က ချောင်းဦးမှာပဲသဂြိုလ်ပါတယ်။" လို့ Cahung U People's Defence Force တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဥသျှစ်ပင်မှာ တစ်ရက်အတွင်း အသက်မပြည့်သူတွေအပါ အရပ်သား ၂၅ ယောက်ထက်မနည်း ပေါ်တာဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီ စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ မိသားစုဝင် ၃ ဦး ထိမှန်ကာ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ကျေးရွာမှာ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ယောက် သေဆုံးကာ ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ABSDF မကွေးတိုင်းဆက်ဆံရေးရုံးမှ Gender, CEDAW, Women Peace and Security (WPS) ‎အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စစ်ဘေးရှောင်စခန်းတစ်နေရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မကွေးတိုင်းဆက်ဆံရေးရုံးက Gender, CEDAW(The Convention on the Elimination of All Forms of Discrimination Against Women), Women Peace and Security (WPS) အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲကို (၃)ရက်တာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမြို့ပေါ်က ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။