စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီပဲယင်းမြို့နယ်၊ လက်လှုပ်တောင်ရွာထဲကို အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂၃ ရက် ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူတွေ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်အပါအဝင် ၅ ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အရပ်သားပြည်သူ (၇) ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတာကြောင့် လေကြောင်းရန် အထူးဂရုစိုက်ဖို့ ဒီပဲယင်းမြို့နယ် ပအဖ က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ခမောက်ကြီးတွင် စစ်ကောင်စီသတင်းပေး မူးယစ်ဆေးရောင်းဝယ်သူနှင့် အုပ်ချုပ်ရေးမှူး တစ်နေ့တည်း ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကောင်စီသတင်းပေး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေသူနဲ့ အုပ်ချုပ်ရေးမှူးတို့ကို တစ်နေ့တည်းမှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

အိန္ဒိယနှင့် မလေးရှား ကူညီကယ်ဆယ်ရေးအဖွဲ့များ အသီးသီး ပြန်လည်ထွက်ခွာ

မြန်မာ့ငလျင်ဘေးအတွက် ရောက်ရှိလာတဲ့ အိန္ဒိယနဲ့မလေးရှားနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပြန်လည်ထွက်ခွါသွားပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

စစ်အာဏာရှင်ကို တော်လှန်လိုသည့် တော်လှန်ပြည်သူများအား SSNDF / KNDF B-102 ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တော်လှန်လိုတဲ့ တော်လှန်ပြည်သူတွေကို ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF / KNDF) B-102 က အတူလက်တွဲဖို့ ဖိတ်ခေါ်နေပါတယ်။ 
Read More

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး တပ်သားသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

အမ်းကို စစ်ကူသွားမယ့် စစ်ကောင်စီတပ် လမ်းမှာတင် ၁၄ ယောက် သေ၊ အများအပြား ဒဏ်ရာရခဲ့

ရခိုင်ပြည်နယ်၊ အမ်းမြို့ကို စစ်ကူသွားမယ့် အကြမ်းဖက်ရှေ့ပြေးယာဉ်တန်းကို အမ်း-ပဒါန်းလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၄ယောက်သေပြီး ဗိုလ်အဆင့်ရှိသူအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ၂၀၂၅  ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း  Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။