မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမင်‌ကျေးရွာကနေ အင်အား ၁၈၀ ခန့်စုဖွဲ့ပြီး တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။

ဧပြီ ၂၀ ရက် မနက်ပိုင်းက အင်အား ၁၈၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ကျီးသိုက်ရွာဝန်းကျင်မှာ မိုင်းကာနေစဉ် စစ်တပ်ကင်းပုန်းနဲ့ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ဂျက်လေယာဉ်နဲ့ ၂ ကြိမ် လာရောက်ဗုံးကြဲခဲ့ပြီး ‌ကျေးရွာနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် နေ့လယ်ပိုင်းမှာ မြောင်းခွကျေးရွာအနီး ထပ်မံတိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် ၂ စီးနဲ့ ဗုံး ၅ ကြိမ်လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ်ဘက်က အင်အား ၁၀ ယောက်ခန့် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း- ပကဖ)၊ ဒေါင်းစစ်အောင် (LPDF)၊ Bamar Army (ဗမာ့တပ်တော်)၊ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်း၊ မင်းဘူးခရိုင် လက်ရုံးတပ်၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမြို့နယ် ဘော်ဒါကျေးရွာ စစ်တပ်ဂိတ်စခန်းကို ဝင်‌ရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၅ ဦး သေပြီး လက်နက်များ ရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ ဘော်ဒါကျေးရွာဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၅ ယောက်သေပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အမှတ် (၁) စစ်ဒေသ ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ်-၂၊ တပ်ခွဲ-၃ KRA အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ အမှတ် (၁) စစ်ဒေသ ကျောက်ဆည်ခရိုင်၊ တပ်ရင်း အမှတ်-၂၊ တပ်ခွဲ - ၃ KRA ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၁၁ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

ရှမ်း-မန်း စစ်ဆင်ရေးပြန် ‌ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူများ အောင်သပြေနဲ့ ကြိုဆို (ရုပ်/သံ)

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဆုတောင်းစကားတွေပြောဆိုပြီး အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့  အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမှာ ပျူစခန်းကို ရိက္ခာလာပို့တဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ပျူစခန်းကို ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာ ၂၃ ရက်က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေခဲ့တယ်လို့ YOUNG WOLF LOCAL PDF အဖွဲ့ထံက သိရပါတယ်။
Read More

Hornet PDF ရဲဘော်တွေ ဘာတွေလုပ်နေလဲ (ရုပ်/သံ)

ပျားတူတပ်ရင်းက ရဲ‌ဘော်တွေ တော်လှန်ရေးမှာ ဘာတွေလုပ်နေလဲ၊ သူတို့ကြုံနေရတဲ့အခက်အခဲက ဘာတွေလဲဆိုတာ Hornet PDF က မှတ်တမ်းရုပ်သံနဲ့တကွ တင်ပြထားပါတယ်။
Read More

ကျောက်မဲမြို့ မြောက်ကုန်းရပ်ရှိ မြို့နယ်ဆောက်လုပ်ရေးဝန်းနှင့် ခရိုင်ဆောက်လုပ်ရေးဧည့်ရိပ်သာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် မြောက်ကုန်းရပ်ရှိ ဆောက်လုပ်ရေးဝန်းနဲ့ ခရိုင်ဆောက် လုပ်‌ရေးဧည့်ရိပ်သာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။