မြန်မာ့ပဋိပက္ခအတွင်း လက်နက်ကိုင်အဖွဲ့အားလုံးကို စားပွဲဝိုင်းခေါ်ပြီး စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် အာဆီယံဥက္ကဋ္ဌတာဝန်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းက မလေးရှားအစိုးရကို တိုက်တွန်းပါတယ်။

Free Malaysia Today သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာ ဝန်ကြီးဟောင်း Saifuddin Abdullah က အခုလိုပြောခဲ့တာဖြစ်ပြီး မလေးရှားအနေနဲ့ မြန်မာ့အရေး ကာလရှည်ကြာဖြစ်ပွားနေတဲ့ ပြဿနာကို တခါတည်းဖြေရှင်းနိုင်မယ် လမ်းပြမြေပုံတစ်ခု ရှင်းရှင်းလင်းလင်းချမှတ်ဖို့ကိုလည်း တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“စိန်ခေါ်မှုကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ အပါအဝင် အဖွဲ့အားလုံးကို ထိတွေ့ဆက်ဆံဖို့ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

အာဆီယံဥက္ကဋ္ဌ သက်တမ်းကုန်ချိန်မှာ မလေးရှားအနေနဲ့ မြန်မာ့အရေး တိကျတဲ့ လမ်းပြမြေပုံတစ်ခု ကြေညာပြီး အသွင်ကူးပြောင်းရေး ဖြစ်စေနိုင်မယ်ဆိုရင် တကယ့်ကို အကောင်းဆုံး စွမ်းဆောင်ရည်ပြနိုင်မယ့်ကိစ္စဖြစ်တယ်လို့ သူက ဆိုပါတယ်။

မလေးရှားအနေနဲ့ စေ့စပ်ညှိနှိုင်းရေးကို ဦးဆောင်ရာကနေ သံတမန်ရေးရာ အကျိုးအမြတ် ရနိုင်ပေမယ့် မြန်မာပြည်သူတွေကတော့ အမှန်တကယ် အနိုင်ရသူတွေ ဖြစ်ကြမှာပါလို့ Saifuddin က ပြောပါတယ်။

မကြာသေးခင်က ထိုင်းခရီးစဉ်မှာ မင်းအောင်လှိုင်နဲ့ လူချင်းတွေ့ဆုံခဲ့တဲ့ ဝန်ကြီးချုပ် အန်ဝါဟာ NUG ကို အွန်လိုင်းကနေသာ တွေ့ဆုံခဲ့တာက “မမျှတတဲ့ လက်ခံတွေ့ဆုံမှု” ဖြစ်တယ်လို့ သူက ဝေဖန်ပါတယ်။

ပုံစာ – မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Saifuddin Abdullah

“ဒါက လုံခြုံရေး စိုးရိမ်မှု ဒါမှမဟုတ် ထောက်ပံ့ပို့ဆောင်ရေးကြောင့်လို့ ကျနော့်ကို ပြောပါတယ်။ ဒီလိုဆိုရင် တခြားနေရာမှာ လုပ်လို့ရတယ်။ အဲဒါက သရုပ်ပြသက်သက်လို့ ထင်ရပေမယ့် အရေးကြီးတာက စစ်ကောင်စီမှာ ထိန်းချုပ်မှုမရှိတော့ဘူး။ မြန်မာနိုင်ငံရဲ့ ၃၀% အောက်ပဲ ချုပ်ကိုင်နိုင်တော့တယ်” လို့ သူက ပြောပါတယ်။

“ပိုအရေးကြီးတာက (NUG) ဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တယ်။ စစ်ကောင်စီထက် မပိုရင်တောင် ညီညီမျှမျှပဲ သင့်လျော်တဲ့ သံခင်းတမန်ခင်းမျိုး ပေးသင့်တယ်” လို့ သူက ဆိုပါသေးတယ်။

NUG နဲ့ အန်ဝါတို့ရဲ့ ထိတွေ့ဆက်ဆံမှုဟာ အာဆီယံဥက္ကဋ္ဌအတွက် ပထမဦးဆုံးဖြစ်ကြောင်း အသိအမှတ်ပြုပေမယ့် “ပိုမိုကောင်းမွန်တဲ့ ပထမအကြိမ်မျိုးဖြစ်ခဲ့သင့်တာ” လို့ Saifuddin က ပြောပါတယ်။

ဧပြီလ ၁၈ ရက်နေ့က အန်ဝါဟာ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့တွေ့ဆုံပြီး အာဆီယံဥက္ကဌနဲ့ NUG အကြား ပထမဆုံး လူသိရှင်ကြား ထိတွေ့ဆက်ဆံမှုပြုလုပ်ခဲ့ပါတယ်။

ဒီလို ထူးခြားတဲ့တွေ့ဆုံမှုမတိုင်ခင်က အာဆီယံဥက္ကဋ္ဌတွေဟာ အစိုးရမဟုတ်တဲ့ အဖွဲ့တွေကို တရားဝင်မှု မပေးမိအောင် NUG နဲ့ တိုက်ရိုက်ဆက်ဆံဖို့ ရှောင်ကြည်ခဲ့သလို စစ်ကောင်စီနဲ့လည်း ခပ်ခွာခွာ နေခဲ့ပါတယ်။

၎င်းမတိုင်ခင်တစ်ရက်က ဘန်ကောက်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့မှုဟာ ဝန်ကြီးချုပ်အတွက် ခြေလှမ်းမှားတစ်ခုဖြစ်ကြောင်း၊ မလေးရှားဟာ စစ်ကောင်စီနဲ့ နှစ်နိုင်ငံဆက်ဆံရေးရော နိုင်ငံစုံဆက်ဆံရေးမှာပါ အသိအမှတ်မပြုဘဲ ငြင်းဆိုခဲ့ကြောင်း Saifuddin က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုရီးယားနေ တော်လှန်ပြည်သူများနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုရီးယားနေ တော်လှန်ပြည်သူတွေနဲ့ စက်တင်ဘာ ၂၇ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မနေ့က တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ရုံးက ထုတ်ပြန်ပါတယ်။
Read More

တောင်ကိုးရီးယားရဲ့ လူဦးရေ ဆက်တိုက်ကျဆင်းနေသည့် ဒေသတွင် မြန်မာဒုက္ခသည်များအား နေထိုင်ခွင့်ပြုဖို့ အာဏာပိုင်များ ဆွေးနွေး

လူဦးရေ ဆက်တိုက်ကျဆင်းနေတဲ့ တောင်ကိုးရီးယားနိုင်ငံ၊ Gyeongsang ခရိုင်က Yeongyang ဒေသမှာ မြန်မာဒုက္ခသည် ၄၀ ခန့်ကို နေထိုင်ခွင့်ပြုဖို့ ဆွေးနွေးနေကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၂ ရက်မှာ ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်ကွပ်မျက်မှုဟာ ကြီရလေးတဲ့ နိုင်ငံတကာရာဇ၀တ်မှုကို ကျူးလွန်လိုက်ခြင်းဟု IIMM သတိပေး

စစ်ကောင်စီက အကျဉ်းသားတွေကို သေဒဏ်ချမှတ်ကွပ်မျက်မှုကကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က အနီးကပ် စောင့်ကြည့်နေကြောင်း မနေ့ကစက်တင်ဘာ ၂၃ရက်)တွင် အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ကျားဖြန့်တွေကို သည်းမခံဘူး၊ ပါတဲ့လူအကုန် တရားစွဲမယ်လို့ ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် အနုထင်ဟာ ကျားဖြန့်နှိမ်နင်းရေးကို အမျိုးသားအစီအစဉ်တတရပ်အနေနဲ့ ကြေညာလိုက်ပြီး ဒီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အရာရှိတွေ၊ နိုင်ငံရေးသမားတွေအားလုံးကို တရားစွဲမယ်လို့ နိုဝင်ဘာလ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ရလဒ်များကို ဇန်နဝါရီလကုန် ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြော

စစ်အုပ်စုက ပြုလုပ်ဖို့ရှိတဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကို လာမယ့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ကြေညာမယ်လို့ စစ်တပ်ရဲံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတယောက်က စက်တင်ဘာ ၁၁ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

စီပါရွာမှာ စစ်ကောင်စီ ကျူးလွန်တဲ့ ယုတ်မာရက်စက် သတ်ဖြတ်မှုတွေကို မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ကုလစင်မြင့်မှာ တင်ပြ

စစ်ကောင်စီ ရက်စက်ယုတ်မာခဲ့တဲ့ ဘုတလင် စီပါရွာ လူသတ်မှုဖြစ်စဉ်ကို ကုလသမဂ္ဂညီလာခံမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကာသိအောင် တင်ပြခဲ့ပါတယ်။