ငလျင်နဲ့ စစ်ဒဏ်သင့် မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ စီမံကိန်းကို ဦးဆောင်နေတဲ့ ရုရှားအစိုးရပိုင်ကုမ္ပဏီက Reuters ကို ပြောပါတယ်။

လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်ဒဏ်မခံရခင် ၃ ပတ်အလို မတ်လ အစောပိုင်းမှာ စစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတတို့ အသေးစားနျူကလီးယားစက်ရုံတည်ဆောက်ရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အဆိုပါသဘောတူညီချက်ထဲမှာ ရုရှားနိုင်ငံပိုင်နျူကလီးယားကော်ပိုရေးရှင်း Rosatom ကထုတ်လုပ်တဲ့ 55 MW ဓာတ်ပေါင်းဖိုနှစ်ခုပါဝင်တဲ့ 110 MW စွမ်းရည်ရှိ ဓာတ်ပေါင်းဖို အသေးစား (SMR) တစ်ခု မြန်မာပြည်မှာ တည်ဆောက်ဖို့ ပူးပေါင်းဆောင်ရွက်ရေး ပါရှိတာ ဖြစ်ပါတယ်။

“မကြာသေးမီက ငလျင်လှုပ်ခတ်မှုက မြန်မာနိုင်ငံမှာရှိတဲ့ Rosatom ရဲ့ လုပ်ငန်းအစီအစဉ်တွေကို ထိခိုက်ခြင်းမရှိကြောင်း” ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ရေးရုံးက အီးမေးလ်တစောင်ပို့ပြီး ပြောပါတယ်။

ဒါဟာ အရေးကြီး အခြေခံအဆောက်အအုံတွေ ပျက်စီးစေခဲ့တဲ့ ငလျင်လှုပ်ခတ်ခဲ့ပေမယ့်လည်း နျူကလီးယားအစီအစဉ်ကို ဆက်လက်လုပ်ဆောင်ဖို့ ကုမ္ပဏီက ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်အား မတ်လ ၄ ရက်၊ ၂၀၂၅ ခုနှစ် ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ဆုံစဉ် ပါဠိဆရာကြီး ဦးစော၏ ဦးအောင်ဇေယျအတ္ထုပ္ပတ္တိစာအုပ် ပေးအပ်ခဲ့စဉ် (ဓာတ်ပုံ Reuters)

Rosatom အနေနဲ့ အဆိုပြုထားတဲ့ နျူကလီးယားစက်ရုံ တည်ဆောက်မယ့်နေရာ အသေးစိတ်အချက်အလက်ကို ပေးဖို့ ငြင်းဆိုထားတယ်လို့လည်း Reuters က ဆိုပါတယ်။

မြန်မာအနေနဲ့ ရုရှားကျောထောက်နောက်ခံပြု နျူကလီးယားစွမ်းအင်စီမံကိန်းအတွက် ဘဏ္ဍာငွေရှာဖွေဖို့ လက်ရှိမှာ ရွေးချယ်မှုတွေ တွက်ချက် အကဲဖြတ်နေပါတယ်။
“အဲဒီထဲမှာ ကိုယ်ပိုင်ငွေရော ချေးငွေတွေရော ပါဝင်နိုင်တယ်” လို့ Rosatom က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ အီဂျစ်တို့လို နေရာတွေမှာတော့ ရုရှားက အတိုးနည်းချေးငွေတွေနဲ့ သမားရိုးကျ နျူကလီးယား ဓာတ်အားပေး စီမံကိန်းတွေကို ရန်ပုံငွေ ထောက်ပံ့ပေးခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ စျေးသက်သာတဲ့ ပြည်တွင်းဓာတ်အားထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားငွေရရှိဖို့ တင်ပို့တာတွေ ဦးစားပေးလုပ်ဆောင်နေတာကြောင့် နျူကလီးယားအစီအစဉ်ဟာ နိုင်ငံခြားငွေပြတ်တောက်နေတဲ့ စစ်အုပ်စုအတွက် စီးပွားရေးအရလည်း အဓိပ္ပာယ်မရှိဘူးလို့ International Crisis Group မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး Richard Horsey က ပြောပါတယ်။

“နျူကလီးယားစွမ်းအင်က အရမ်းစျေးကြီးပြီး မြန်မာအနေနဲ့လည်း မတတ်နိုင်ပါဘူး” လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံ နျူကလီးယား ဖွံ့ဖြိုးတိုးတက်မှုကို အနီးကပ် စောင့်ကြည့်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း လက်ရှိငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ပြင်းထန်ခဲ့ပေမယ့် ခံတပ်သဖွယ် ရည်ရွယ်ဆောက်လုပ်ထားတဲ့ နေပြည်တော်မှာ စက်ရုံတည်ဆောက်နိုင်မယ်လို့ အကဲဖြတ်ထားကြောင်း လုံခြုံရေး အရင်းအမြစ်တစ်ယောက်က ပြောပါတယ်။

အခြားအလားအလာရှိတဲ့ နေရာနှစ်ခုမှာ ပဲခူးတိုင်း အလယ်ပိုင်းနဲ့ ဆိပ်ကမ်းတစ်ခုနဲ့ ရေနံချက်စက်ရုံတစ်ခု တည်ဖို့ စစ်ကောင်စီနဲ့ ရုရှားတို့ကြေညာထားတဲ့ မြန်မာပြည်တောင်ပိုင်းက ထားဝယ် အထူးစီးပွားရေးဇုန်တို့ဖြစ်နိုင်ကြောင်း ထိုင်းရဲ့ အကဲဖြတ်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံဟာ မြေအောက်ကျောက်သားလွှာနှစ်ခုရဲ့ ပြတ်ရွေ့ကြောမှာတည်ရှိပြီး ကမ္ဘာပေါ်မှာ ငလျင်လှုပ်ခတ်နိုင်ခြေ အရှိဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။

မူရင်း –  Russia’s Rosatom says will proceed with Myanmar nuclear plant despite quake

0 Shares:
You May Also Like
Read More

မြိုင်မှာ NUG ရဲ့ အောင်ဆန်းပညာရပ်စုံ တက္ကသိုလ်နေရာ သတင်းပေါက်ပြီး ဗုံးကြဲခံရ၊ CDM ကျောင်းသူ ၁ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်မယ့် အောင်ဆန်းပညာရပ်စုံတက္ကသိုလ်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ကျောင်းသူ ၁ယောက် သေဆုံးပြီး ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးကို လက်နက်ခဲယမ်း၊ အသုံးအဆောင်များနှင့်အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ ယောက်ကို လက်နက်ခဲယမ်း၊ အသုံးအဆောင်အချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ တော်လှန်ရေးတပ်နဲ့ စစ်တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားရာ စစ်သား ၁ ယောက် သေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ရွှေကျင်မြို့နယ် တိုက်ပွဲများတွင် ပဲခူးတိုင်းပကဖများ ပါဝင်တိုက်ခိုက်‌နေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ တိုက်ပွဲတွေမှာ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ဝေါ၊ ကဝ၊ အင်းတကော်၊ ဘုရားကြီး၊ ဒိုက်ဦး၊ သနပ်ပင်မြို့နယ်တို့က ပကဖ တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

အထက်မင်းလှအရှေ့ခြမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်သားတစ်ယောက်ကို လက်နက်ခဲယမ်းနှင့်တကွ နေပြည်တော် ပကဖ ခေါ်ထုတ်နိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင်ဌာနနဲ့ ချိတ်ဆက်ပြီး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အဓမ္မပြည်သူ့စစ်မှုထမ်းစုဆောင်းခံခဲ့ရသူ စစ်ကောင်စီတပ်သား ၁ ယောက်ကို သွားရောက်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က ထုတ်ပြန်ထားပါတယ်။